အွန်လိုင်းမှာ ပျံ့ခဲ့တဲ့ကိစ္စတွေကို ဖြေရှင်းတော့မယ် ဇေရဲ

0
122

ဖီးချားရင်းတွေအနေနဲ့ S-Logic , ထွန်းရတီ၊ ဂေဂေးတို့ ပါဝင်သီဆို ထားတဲ့ အဆိုတော်ဇေရဲရဲ့ ‘Hero’ အခွေကတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ Myanmar Plaza Outdoor Area မှာ ပရိုမိုးရှင်းလုပ်ရင်း ထွက်ရှိ လာတော့မှာပါ။ စတုတ္ထမြောက်တစ်ကိုယ်တော်အခွေဖြစ်တဲ့  ‘Hero’အခွေအတွက် ဇေရဲရဲ့ အားထုတ်မှုက –

”ဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော်က ဒီကြားထဲမှာ ဂယက်တွေလည်း ထတာပေါ့နော်။ ကျန်းမာရေးအရ လည်း ၂ လလောက် နားလိုက်ရသေးတယ်။ အလုပ်တွေ ကလည်း လောဘတကြီးနဲ့ ပြန်ပြင်ရသေးတာဆိုတော့ အချိန်လေးက နည်းနည်းကြာသွားတယ်။ အဲဒီတော့ ဒီအခွေလေးကို တော်တော်ကြီး အားထားထားသလို ကျွန်တော် ဟီးရိုးတစ်ယောက် မွေးဖွားထားတယ်။ ဒီ ခေါင်းစဉ်အောက်မှာ ပရိသတ်တွေ ဆက်လက်ပြီးတော့ လည်း အားပေးပါဦးလို့။ သီချင်း ၈ ပုဒ် ပါပါတယ်။ ပုံစံ ၈ မျိုး လုပ်ထားပါတယ်။Hip Hop, R&B ,Pop ,EDM ပုံစံအစုံပါဝင်ပါတယ်။ ကျွန်တော် လုပ်နိုင်သမျှ၊ တတ်စွမ်းသရွေ့ ဖန်တီးထားပါတယ်။ ရင်တော့ တအားခုန် ပါတယ်” လို့ သိရပါတယ်။

ဂယက်ထခဲ့တယ်လို့ ဇေရဲပြောသွားသလိုပဲ အွန်လိုင်းမှာ ကိစ္စလေးတွေဖြစ်ခဲ့တယ်နော်။ LGBT ဆိုတဲ့အပေါ် ဇေရဲ ဘာများပြောချင်သလဲလို့မေးတဲ့အခါ –

”လောလောဆယ်မှာတော့ ကျွန်တော် တချို့အရာလေး တွေကို ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ ကျွန်တော် ရှေ့ဆက်သွားနေတယ်။ ကျွန်တော်ရှေ့ဆက်သွားဦးမှာပါ။ လောလောဆယ်တော့ ကျွန်တော် ဒီဟီးရိုးအတွက်ပဲ ခေါင်းထဲမှာ ထည့်ထားပါတယ်။ ဒီ ၁၃ ရက်နေ့ ပြီးတော့မှပဲ ကျန်တဲ့အရာလေးတွေက ဘယ်လိုရင်ခုန်စရာကောင်းတာ လေးတွေ ဖြစ်လာမလဲ မသိဘူးပေါ့။ အဲဒါတော့ သိပ်မပြောချင်သေး ဘူးပေါ့” လို့ ဇေရဲက ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here