အ … ဗျစ်ကို ဖဲ့စရာ မရှိ ‘မီး အိုင်ထဲဆင်းဖဲ့’ ငါ။ ဖွဲ့စည်း ခြင်းအတွက် ဟ ဘိတ်ဆုံးတစ်ခွက်၊ ဟ ပက်ပက်စက်စက် လောင်မြိုက်ပါ ဟ။ ဟ မျက်နှာအရေပြား၊ မီးခံပြား ဖြစ် သွားပါရောလား ဟ။ ဟ လည် ချောင်းကတော့ မီးကောင်းကောင်း လောင်နေပြီ ဟ။ ဟ မျက်လုံးတွေ ထဲကတောင် မီးစုန်းဓာတ်တွေ ပန်း ထွက်ကုန်ပါလားဟ။
ဘယ်သူကရော၊ ဘာများ ပိုထူး နေလို့လဲ။ ကမ္ဘာမြေကြီးအတွက် ပူပန်ရတိုင်း၊ ဟုတ်တယ်။ ပူပန်မိ တိုင်း၊ ဆိုင်းဘုတ်မျိုးစုံတပ်ထားတဲ့ မီးတွေ ငါမျိုချပေးခဲ့တာချည်း။ ဆိုင်း ဘုတ်မျိုးစုံတပ်၊ မီးတွေလေ… ကမ္ဘာမြေအတွက် င့ါအစာအိမ်မှာ ‘မီးရည်’အပြည့်။
တောက်၊ ခွေးမသား၊ တောက်။ တကယ်တော့ မင်းတို့နေတဲ့ ကမ္ဘာ ကြီးကိုက ကွေ့ကောက်နေတာ။ အသားမည်းရင်လည်း အပြစ်ဖြစ်။ ဘာသာကွဲရင်လည်း အပြစ်ဖြစ်၊ ယဉ်ကျေးမှုကွဲရင်လည်း အပြစ်ဖြစ်။ နောက်ဆုံး ကိုယ့်အိမ်ကိုယ် ပြန်ချင် တာကအစ အပြစ်ဖြစ်နေကြတာ။ မပြောချင်ဘူး။ နိုင်ငံကုန်ထုတ်ပစ္စည်း ကလည်း စစ်ဘေးရှောင် ပြည်သူဖြစ် နေတာ။
အင်း ပြောရင်းနဲ့ ငါကြောက် လာပြီ။ ငါအမုန်းဆုံးတွေထဲမှာ ဒီ အရက်ဆိုင်လည်း ပါသပေါ့။ အရက် ဆိုင်က နံရံပေါ် ရေးထားတဲ့ စာသား ကြည့်လိုက်။ ငါအပါအဝင် ကျေးဇူး ရှင်တွေကို လှလှပပ ကျေးဇူးကန်းပြ နေပုံလေ။ စာတန်းက . . .
”သင့်ရဲ့ မတော်တဲ့စိတ်ကူး စိတ် သန်းတွေကို ကျွန်ုပ်၏ ဖိနပ်စင် ပေါ် တင်ထားပြီးမှ အရက်ဆိုင်ထဲ ဝင်ပါ”
ဟင်း ဟင်း၊ ငါကမ္ဘာကြီးကို နည်းနည်းပါးပါးလေး ပြုပြင်ပေးစရာ ရှိသေးလို့ ဒီအရက်ဆိုင် သက်သာ သွားတာ။ ပြီးတော့ အရက်မူးနေတဲ့ နံရံပေါ်က ရေကူးဝတ်စုံ ဖြူဖြူလေး နဲ့ ယူကလစ်ပင်လေးကြောင့်လည်း ဒီအရက်ဆိုင် သက်သာသွားတာ။ နောက်တော့ ငါ့မှာ အရက်ဖိုးထပ်မ ရှိတော့ဘဲ ဆိုင်ပြတ်သွားလို့သာ။ ဒီ အရက်ဆိုင် သက်သာသွားတာ။ နို့မို့ ဆို ငါလည်း မလွယ်ဘူး။ မင်းတို့ လည်း မလွယ်ဘူး။ ကမ္ဘာမြေလည်း မလွယ်ဘူး။
ကိုင်း င့ါနောက်ကျောစားပွဲမှာ ထိုင်နေတဲ့ ငနဲနှစ်ကောင်ကိုကြည့် လိုက်။ အဲဒါလည်း မာရ်နတ်ဝတ် ပြု ရေးစာအုပ်နှစ်အုပ်ပဲ။ တွေ့လား၊ မာရ်နတ်ဝတ်ပြုရေး စာအုပ်နှစ်အုပ်၊ အရက်သောက်ရင်း ပါးစပ်တွေ ‘ယိုင်’ လာပြီတွေ့လား။ ခဏနေ သူတို့ပါး စပ်တွေထဲက ဒဿနအယိုင်တွေ ယိုင်ထွက်လာကြတော့မယ်။ တဝေါ့ ဝေါ့နဲ့။
ဝန်ခံရရင် ငါကိုယ်တိုင်လည်း ‘စောဒကဝင်ပေါက်’ မရှိတဲ့ ‘အမှန် လုံခန်း’ ထဲ ထိုင်နေတာမဟုတ်။ အရက်ဆိုင်ထဲ ထိုင်နေတာ။ ဟို ထောင့်မှာထိုင်နေတဲ့ သံချေးရောင် မျက်နှာနဲ့အကောင် တွေ့ရဲ့မဟုတ် လား။ ရပ်ကွက်လူကြီးလိုလို ဘာလို လိုနဲ့၊ ငါ့အောင်ပင်လယ်ပေါ် တင်ပါး လွှဲထိုင်ရင်း လေပြင်းတွေနဲ့ လွှဲလွှဲ ရိုက်နေတဲ့ အကောင်။ မှတ်မိသေး တယ်။ ငါ အခက်အခဲလေးတစ်ခု ရှိစဉ်တုန်းက သက်သက်မဲ့ အဖုအထစ် ဖြစ်အောင် ဒီကောင်လက်မောင်း သား ညှစ်ပြခဲ့တာ။
ပိုဆိုးတာက ရှေ့စားပွဲက ဖွတ် တွေ၊ ဘီယာအမြှုပ်တွေကြား ပေစုတ် စုတ်တောက်ပနေတဲ့ အကောင်တွေ။ နောက်စေ့မှာသာရှိတဲ့ ဆံပင်ရှည် မျောမျောတွေနဲ့ ရှေ့က နဖူးကျယ်ကို ဆွဲဆွဲအုပ်နေတဲ့ အကောင်က ဗိုလ် ပေါ့။ ငါဘယ်လောက်မူးမူး၊ သူတို့ မျက်နှာပေါ်တော့ ဘယ်တော့မှ တက်မထိုင်ဘူး မှတ်။
ငါ စိတ်ကူးရှိတယ်။ ဟောဒီ အရက်ဆိုင်ထဲက ငါအောင်အောင် မြင်မြင် ထွက်သွားနိုင်ခဲ့ရင်တော့ ဒီဆိုင်မလွယ်ဘူး။ ဒီအရက်ဆိုင် ဝင်ပေါက်ကို ‘ဂိုး’ တိုင်နှစ်တိုင်လို သဘောထားပြီး၊ မီးလောင်နေတဲ့ ဘောလုံးကို အရက်ဆိုင်ထဲ ကန်သွင်း ပစ်လိုက်မယ်ကွာ။
အဲ အရက်ဆိုင်အဝင်ပေါက်မှာ လှေကားသုံးထစ်ရှိတယ်။ သုံးထစ်လုံး က မျက်စိထဲမှာ ရွေ့လျားလှေကား တွေ ဖြစ်နေတယ်။ အရက်ဆိုင် ဝင်ပေါက်ကို ဂိုးတိုင်လုပ်ပြီး ဘောလုံး ကန်သွင်းမယ်ဆိုတာ ငါအရက်ဆိုင် အပြင်ကို အောင်အောင်မြင်မြင် ထွက်သွားနိုင်မှသာ။
ကိုငြိမ်း (မန္တလေး)