ဗီဒီယိုကနေရုပ်ရှင်တွေရိုက်နေပေမယ့် ကာရိုက်တာ ရွေးချယ်ပိုင်ခွင့် မရှိသေးတဲ့ ညီထွဋ်ခေါင်

0
192

”ဇီးရိုးနဲ့ဟီးရိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျောင်း တင်းနစ်ချန်ပီယံ တစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ့် ညီထွဋ်ခေါင်တစ်ယောက် တင်းနစ်မရိုက်တတ်လို့ တင်းနစ်ကို စနစ်တကျလေ့ကျင့်သင်ကြားရင်း ကာရိုက်တာနဲ့ အံဝင်အောင်ကြိုးစားနေလေရဲ့။ ရုပ်ရှင်ကားကြီးတွေ ရိုက်လာရတဲ့အခါ ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့်ရှိပြီလားဆိုတော့ ညီထွဋ်ခေါင်က –

”ကာရိုက်တာကတော့ ကျွန်တော်တို့အနေနဲ့ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ကျွန်တော်တို့က လာတဲ့ ကာရိုက်တာအပေါ်မှာ အကောင်းဆုံးရွေးချယ်ပြီးတော့ ရိုက်ရတာပါ။ လုပ်ချင်တဲ့ကာရိုက်တာတွေကတော့ အများကြီးရှိတာပေါ့။ လုပ်ခွင့်သာရမယ်ဆိုရင် ကျွန်တော်တို့ လုပ်ချင်တာလေးတွေလည်း နည်း နည်း၊ ပရိသတ်အကြိုက်ကိုလည်း နည်းနည်း၊ ပရိုဂျူ ဆာအကြိုက်ကိုလည်း နည်းနည်း မျှပြီးရိုက်သွား ရမှာပါ” လို့ပြောပါတယ်။

ဗီဒီယိုအခြေအနေ၊ ဗီဒီယိုဈေးကွက်ကတော့ ပျက်သလောက်ကိုဖြစ် နေပြီ။ သို့သော်ဗီဒီယိုမရှိရင်လည်း မဖြစ်သေး တဲ့အနေအထားရှိတယ်လို့ သုံးသပ်တဲ့ ညီထွဋ် ခေါင်က –

”ကျွန်တော်ကတော့ ဗီဒီယိုလည်း ရိုက်ပါ တယ်။ စာချုပ်လည်းရှိနေသေးတဲ့အတွက် ပုံမှန်လည်း ရိုက်ဖြစ်တယ်။ ကျွန်တော့် ဗီဒီယို ကားတွေ ပုံမှန်လည်းထွက်ပါတယ်” လို့ပြောပြခဲ့ပါ တယ်။

ချစ်သူများနေ့နဲ့ပတ်သက်ပြီး ပရိသတ်တွေ ဆီကဖြစ်ဖြစ် လက်ဆောင်တွေရသေးလားလို့ မေး တဲ့အခါ ”ချစ်သူများနေ့ကို အခုမေးမှပဲ သတိရ တော့တယ်။ လက်ဆောင်တွေဘာတွေ ထွေထွေ ထူးထူး ရဖူးတာတော့ မရှိပါဘူး။ အဲဒီနေ့ကိုလည်း သတ်သတ်မှတ်မှတ်ရယ်လို့ ဖြတ်သန်းဖြစ်တာမျိုး မရှိပါဘူး။ ဒီနှစ်လည်း ဇာတ်ကားရိုက်ရင်းပဲ ဖြတ် သန်းဖြစ်မှာပါ”လို့ ညီထွဋ်ခေါင်က ပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here