အနုပညာသမား တစ်ယောက်အနေနဲ့ ပရိသတ်က ပေးတဲ့ဆုထက် ကြီးတဲ့ဆု မရှိဘူး ဇာဏ်ခီ

0
259

အခုလတ်တလောမှာ အောင်မြင်မှုရရှိနေတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ဇာဏ်ခီရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေ သဘောကျနှစ်သက်နေကြပါတယ်။ ဒီဇာတ်ကားကို စတင်ရိုက်ကူးတဲ့အချိန်မှာ အောင်မြင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဒီလောက်ထိအောင်မြင်မှု ရရှိမယ်လို့ မတွေးထားမိဘူးလို့ ဇာဏ်ခီက ပြောပါတယ်။ ပရိသတ် တွေရဲ့ အားပေးမှုရရှိတဲ့ အတွက် အထူးဝမ်းသာပျော်ရွှင်မိတယ်လို့ ဆိုတဲ့ ဇာဏ်ခီက…

”တအားဝမ်းသာရပါတယ်။ ပရိသတ်တွေရလာတယ်ဆိုတဲ့ သဘောက ပရိသတ် တွေက ကျွန်တော့်ရဲ့ အနုပညာဖော်ပြချက်ကို လက်ခံတယ်ဆိုတဲ့သဘော ပေါ့။ သူတို့ခံစားပေးလို့ရတယ်။ ကိုယ်ခံစားတာကို ထုတ်ပြတဲ့အချိန်မှာ သူတို့ပါ ခံစားတယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော့်အတွက်ကအနုပညာသမား တစ် ယောက်အနေနဲ့ ပရိသတ်ကပေးတဲ့ဆုထက်ကြီးတဲ့ဆုမရှိဘူး” လို့ ပြောပါ တယ်။

ဒီဇာတ်ကားမရိုက်ကူးခင် ၂လ လောက် အလိုကတည်းက Acting တသမျု့သစ တွေလုပ်ခဲ့သလို Acting coach တွေနဲ့လည်း သေချာတိုင်ပင်ပြီး လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဖြစ်ခဲ့ကြောင်း ဇာဏ်ခီက ပြောပါတယ်။ ဒီ ဇာတ်ကားကိုပြသဖို့ ကြိုးစားတဲ့အခါမှာ အခက်အခဲတွေ ကြုံတွေခဲ့ရသလို ဝေဖန်မှုတွေလည်းကြုံတွေခဲ့ရပေမယ့် ဆက်လက်ပြီး ပရိသတ် ယုံကြည်မှု ရရှိအောင် ကြိုး စားသွားဦး မယ်လို့ဆိုတဲ့ ဇာဏ်ခီက…

”ကျွန်တော့် လုပ်ထုံးလုပ်စဉ် အတိုင်းပဲပေါ့။ ခက်ခဲလာလို့ လျှော့ ပြီးတော့လုပ်မယ်လို့တော့ လုံးဝအစီ အစဉ် မရှိပါဘူး။ မလုပ်နိုင်ရင်လည်း လုံးဝမလုပ် တော့ဘူး။ လုပ်မယ်ဆို ရင်လည်း အပြည့် လုပ်ချင်တယ်။ ဒါမှလည်း ကျွန် တော်တို့ အပေါ်မှာ ယုံကြည်မှု တစ်ခု ရှိလာမှာပေါ့။ ကျွန်တော်တို့ Central base မြင်တာနဲ့ ပရိသတ်က ယုံကြည်မှု တစ်ခုရအောင် ကြိုးစား တာဆိုတော့အရှေ့ ပိုင်း မှာတော့ ကျွန် တော်တို့ ရုန်းကန်ရမယ့် အချိန် တွေပေါ့။ အဲဒီ အတွက် ပြင်ဆင် ထားပါတယ်” လို့ပြောပါ တယ်။ တခြား ထုတ်လုပ် ရေးတွေနဲ့ ရိုက်ကူးဖို့ အတွက်လည်း စိတ်ဝင် စားပေမယ့် ကွာလတီ မကောင်းရင်တော့ ရိုက် ကူးဖြစ်မှာ မဟုတ်ကြောင်း ကို ဇာဏ်ခီ က…

”ကျွန်တော်တို့က အနု ပညာအ ပေါ်ထားတဲ့စိတ်ချင်း တူပါတယ်။ ကျွန်တော်လည်း ကွာလတီတစ်ခုမဟုတ်ရင် တော့လုပ် ဖို့ အစီအစဉ်မရှိဘူး။ တချို့ လည်းမေး ကြတယ်။ တခြားထုတ်လုပ်ရေး တွေနဲ့ ရိုက်ဖို့ ရှိမလားပေါ့။ ရှိပါတယ်။ တခြား ထုတ်လုပ်ရေးက ကမ်းလှမ်း လာရင် စိတ်ဝင် စားတယ်။ သို့သော် ကွာလတီမဟုတ်ခဲ့ဘူး။ Production level တစ်ခုမရောက်ဘူး။ Script ကြည့်လို့ ယိုယွင်းနေ တာတွေ အများ ကြီးရှိ တယ်ဆိုရင် ကျွန်တော်လုပ်ဖို့ စိတ်မဝင် စားဘူး။ ကျွန်တော်တို့လိုပဲ အနုပညာတစ်ခုကို ကျစ်ကျစ် လျစ်လျစ်နဲ့ ကွာလတီတစ်ခုကို တွန်း ပေးမယ်။ မြန်မာရုပ်ရှင်ကို ကမ္ဘာ့မြေပေါ်မှာ ပြန်တင်ပေးမယ့် Goal မျိုးရှိတယ်ဆိုရင်ကျွန်တော် စိတ်ဝင်စားပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here