ရုပ်ရှင်လောကသားတွေက စိတ်နုကြပါတယ် ပြဿနာဖြစ်လည်းခဏပါပဲ သက်မွန်မြင့်

0
203

သရုပ်ဆောင်သက်မွန်မြင့်က ခင်ပွန်းဖြစ်သူတည်ထောင်ထားတဲ့ Zayat နဲ့ပတ်သက်ပြီး အကူအညီအများကြီးမပေးဖြစ်ပေမယ့် ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အပိုင်းတွေကိုတော့ ကူညီဆောင်ရွက်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်တွေကို မြေ တောင်မြှောက်ပေးမယ့် ခင်ပွန်းဖြစ် သူရဲ့စိတ်ကူးနဲ့ပတ်သက်ပြီး သက်မွန်မြင့်က ”သူဒီZayatဆိုတာကို စိတ်ကူးယဉ်ပြီး တည်ထောင်ဖြစ်တယ်။ ရှေ့မှာလည်း ပွဲလေးတွေလုပ်တယ်။ လူငယ်တွေအတွက် သူကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး တည်ထောင်တာပေါ့။ Zayatဆိုတာ ကိုစပြီး အိုင်ဒီယာရတဲ့အချိန်မှာ မီဒီယာဘက်ရောက်လာတာပေါ့လေ။ အခုဒီညတော့ ရုပ်ရှင်အပိုင်းပေါ့။ နဂိုကတည်းကလည်း သူက ရုပ်ရှင်ကို တအားဝါသနာပါတယ်။ ရုပ်ရှင်ဇာတ်ကားတအားကြည့်တယ်။ သူ့မိန်းမကလည်း ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အလုပ်လုပ်နေတဲ့ သူဆို တော့ ပိုပြီး စိတ်ဝင်စားလာတာပေါ့။ ဒီညကျတော့ ရုပ်ရှင်အကြောင်းလေးတွေ ဘယ်လို ဆွေးနွေးကြမယ်။ ဘယ်လို လုပ်ကြမလဲဆိုတာ သူလုပ် ချင်တယ်ပေါ့။ ဒီညပွဲကိုတော့ သက်မွန်ကူညီဖြစ်ပါတယ်။ သက်မွန်တကယ်သဘောကျပါတယ်။ ဒီခေတ်မှာ ငွေရင်းတစ်ခုဆိုတာလည်း ခက်တယ်လေ။ဇာတ်ကားတစ်ကားအောင်မြင်ဖို့ဆိုတာလည်း စွန့်စားရတဲ့အချိန်ပါ။ ရုပ်ရှင်တွေတိုးတက်လာတာကတော့ တိုးတက်လာတာပေါ့။ ဇာတ်ကား တွေလည်း အများကြီးရှိတယ်။ ရင်းရတာတွေအများကြီးရင်းရတယ်။ တချို့လူငယ်တွေကျ ဒါတွေမတတ်နိုင်ဘူး။ တချို့တော်လျက်သားနဲ့ ပရိုဂျူဆာမသိဘူး။ ရင်းနှီးမြှုပ်နှံမယ့်သူမရှိဘူး။ ဒါမျိုးတွေကြောင့် ရှေ့မ ဆက်နိုင်ဘူး။ ဒီလိုပွဲလေးလုပ်ခြင်းအားဖြင့် သူတို့ချိတ်ဆက်မိ သွားမယ်။ သူတို့အတွက် လမ်းစလေးတွေမိသွားမယ်ပေါ့” လို့ပြော ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ရုံမတင်တာ ၃နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ သက်မွန်မြင့်က လတ်တလောရုံတင် ပြသနေတဲ့ သူပါဝင်သရုပ် ဆောင်ထားတဲ့ ဆိုင်းကြိုက်တဲ့မောင်နဲ့ ဥပါယ်တံမျဉ်ရုပ်ရှင် ဇာတ်ကားတွေ အောင်မြင်မှုရရှိနေတဲ့အတွက်အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေ ကြောင်း ပြောပါတယ်။

”သက်မွန်ရုပ်ရှင်ဇာတ်ကားတွေ ရုံပေါ်မရောက်တာ ၃နှစ်နီးပါးလောက်ရှိတယ်။ အရှေ့မှာဆိုင်းကြိုက် တဲ့မောင်ရှိတယ်။ မြင့်မြတ်နဲ့လေ။ ကိုပေါက်ရိုက် ထားတာ။ ဟာသဒရာမာပေါ့။ အဲဒီမှာလည်း ပရိသတ်တော်တော်များများ ကြိုက် ကြတယ်။ ပေါက်တယ်။ တစ်ပတ်တည်းနဲ့ တင် တော်တော်ဝင်ငွေ စံချိန်ချိုးတယ်။ အခု ဥပါယ်တံမျဉ်ဇာတ်ကားမှာလည်းပရိသတ်တွေတော်တော်များများ ကြိုက်ကြတယ် ဆိုတော့ ပျော်တာပေါ့။ ကိုယ့်ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့ တဲ့အချိန်မှာ နှစ်ကားစလုံးကပေါက် တယ် အောင်မြင်တယ်ဆိုတော့ တော်တော်ကြီးပျော်တာပေါ့” လို့ပြောပါတယ်။ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ အားပေးကြသလို ရုပ်ရှင်လောက သားတချို့ကလည်း ဝေဖန်ထားတာ တွေလည်း ရှိနေပါတယ်။ အနုပညာ အလုပ်ဆိုတာ ဝေဖန်ခံနိုင်မှရမယ်လို့ ဆိုတဲ့ သက်မွန်မြင့်က…

”ဝေဖန်တာကတော့ ရှိမှာပါ ပဲ။ ဒီအလုပ်က ဝေဖန်ခံနိုင်မှရမယ်။ အဆိုးပြောတဲ့သူရှိမယ်။ အကောင်း ပြောတဲ့သူရှိမယ်။ လူဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ်အသိဆုံးပေါ့။ ကိုယ် ဘာလုပ်လဲဆိုတာ အသိဆုံးပဲ။ အဓိက ကတော့ ယုံကြည်မှုမပျက်ဖို့ပါပဲ။ ဒီလို မျိုးပြောကြဆိုကြတယ်ဆိုတာကလည်း သက်မွန်အထင်က နားလည်မှု လွဲတာလေး တွေ၊ အထင်အမြင်လွဲတာလေးတွေ ရှိ ကောင်းရှိနိုင်လိမ့်မယ်ထင်တယ်။ အဲဒီ အပေါ်မှာ စိတ်ကောက်ကြတာပေါ့လေ။ အဲဒီလိုဖြစ် ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်သက်မွန် တို့ လောကသားတွေရဲ့ စိတ်က ဒီရုပ်ရှင်ကိုချစ် ကြတယ်။ ရုပ်ရှင်လောကသားတွေကို ချစ်ကြ တယ်။ သံယောဇဉ်ရှိကြတယ်။ ဒီလောကကြီးတိုးတက်စေ ချင်တယ်။ အဲဒီစေတနာတွေ အဲဒီစိတ်တွေကတော့ အကုန် လုံးစီမှာ ရှိတယ်ဆိုတော့ ပြဿနာဖြစ်တယ် စိတ်အဖု အထု ဖြစ်တယ်ဆိုလည်းခဏပါပဲ။ ရုပ်ရှင်သမားတွေက စိတ်နုကြပါ တယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here