ပိတ်ကားနောက်ကွယ်က ရုပ်ရှင်ဖန်တီးသူများ ဆုံဆည်းနိုင်မယ့် Dots Behind The Screen @ Zayat

0
215

ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က ဖန်တီးပုံ ဖော်သူအနုပညာရှင် အသိပညာရှင်၊ အတတ် ပညာရှင် များ၊ ထုတ်လုပ်သူများ အားလုံးကို ချိတ်ဆက် ပေးမယ့် Dots Behind The Screen @ Zayat ကိုစာနယ်ဇင်းများအားအသိပေး မိတ်ဆက်ပွဲကို ဖေဖော် ဝါရီ ၃ရက်နေ့ ညနေ ၅နာရီက အမှတ် ၇၆/ဗ၊ တောင် ဥက္ကလာပ စက်မှုဇုန်၁လမ်း၊ တောင်ဥက္ကလာ မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ Dots Behind The Screen @ Zayat ကို သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်က ဦးစီးတည်ထောင်ထားတာ ဖြစ်ပါတယ်။

”ဒီနေ့လုပ်တဲ့ ပွဲလေးက အနုပညာလောက ပိတ် ကား နောက်ကွယ်က လူတွေကို ဆုံပေးတဲ့ ပွဲလေး ပါ။ ဒီပွဲလေးမှာ ဆုံမိကြပြီးတော့ ဆွေးနွေးမှုပုံစံလေးတွေ၊ ပျော်ပျော်ပါးပါးလေး ၊ အေးအေးဆေးဆေး ဆွေးနွေးကြ ပြီးတော့ နောက်နောင် ဘာတွေလုပ်လို့ရမယ်ဆိုတာကို တိုင်ပင်ကြမယ်ဆိုတဲ့ အနေနဲ့ လုပ်တာပါ။ ဇရပ်ဆိုပြီးတော့ co working space ပေါ့။ co working space ဆိုတာ အလုပ်တွေလာပြီး ပူးပေါင်းလုပ်ကြတဲ့သဘောပေါ့။ ဒါမှ မဟုတ် ကိုယ့်ဘာသာကိုယ် Freelance လုပ်တဲ့လူတွေ အတွက် ဆုံမှတ်လေးတစ်ခု။ ဒီမှာပုံမှန် အားဖြင့် co working space ထဲမှာ community ဆိုတဲ့ chapter ရှိတယ်။ ဒါက community ရဲ့ event ပေါ့။ သူတို့တွေ ဒီကနေ အိုင်ဒီယာလေးတွေရတာသော်လည်းကောင်း ၊ သူတို့ရဲ့ စွမ်းအားလေးတွေကို မျှဝေတာသော်လည်း ကောင်း၊ အလုပ်တွဲလုပ်ကြတာ သော်လည်းကောင်း၊ ငွေရေးကြေးရေးနဲ့ မြေတောင်မြှောက်ပေး နိုင်တဲ့သူတွေ ပေါ်လာတာသော်လည်းကောင်း အဲဒီလိုမျိုးတွေ ဖြစ် အောင် ချိတ်ဆက်ပေးတဲ့နေရာ လေးပါ” လို့ Zayat နဲ့ ပတ်သက်ပြီး ကိုစစ်နိုင်က ရှင်းလင်းပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ကြိုးစားနေတဲ့ လူငယ်တွေအခွင့် အလမ်းတွေ ပိုမိုရရှိနိုင်ဖို့အတွက် ဝေမျှပေးခြင်း ဖြစ် ကြောင်းကိုလည်း ကိုစစ်နိုင်က…

”မြန်မာနိုင်ငံကလူငယ်တွေမှာ ဆန္ဒတော့ရှိတယ်။ ဒါပေမဲ့ ဘယ်လို လုပ်ရမှန်းမသိဘူး။ ကြိုးစားနေကြတယ်။ အဲဒါလေးတွေက လမ်းကြောင်း တစ်ခုရယ်လို့ ပေါ်လာပြီဆို ရင် မြေ တောင်မြှောက်မယ့် သူပေါ်လာရင်ကြိုးစားကြမှာပဲ။ ဒီလူငယ်တွေက တခြားလူငယ်တွေ ဘာလုပ်နေတယ် ဆိုတာ သိနေမှသာ လျှင် အိုင်ဒီယာတွေက ပိုပြီးတော့ ကောင်းလာမယ်။ နည်းလမ်းတွေလည်း သိလာမယ်။ ဒါကြီး တစ်ခုက ကိုယ့်အတွက် တကယ်ခက် နေပေမယ့်တခြားလူ အ တွက်က လုပ်ပြီးသွား ပြီ။ လွယ်လွယ်နဲ့ သိခွင့် ရရင်ကိုယ့်အတွက်က မခက်တော့ဘူး။ တစ် ယောက်နဲ့တစ်ယောက် မျှဝေတဲ့သဘောပါ” လို့ ဆိုပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here