လွှတ်တော်ထဲကို ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့တဲ့ ဝတ်မှုံရွှေရည်

0
207

ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးပုံဖော်ထားတဲ့ ‘ကောလိပ်ဂျပိုး’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ မြင့်မြတ်နဲ့အတူ ဝတ်မှုံရွှေရည်လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ တက္ကသိုလ်ကျောင်းသူတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး ဝတ်မှုံရွှေရည်က . . .

”ကစ်တက္ကသိုလ်ဇာတ်ကားအနေနဲ့ mainထဲမှာရိုက်ထားတာ ၂ကားရှိပါ တယ်။ ဒီကားထဲမှာ ကစ်ကဆံပင်ကို dark brown လေးဆိုး ထားပါတယ်။ ကျောင်းသူဆိုရင်ဒီအရောင်ဆိုးလို့ရတယ်ဆိုလို့ ကစ်ဆိုးထားတာပါ။ ဇာတ်လမ်း က ကျောင်းသားဟာသအပျော်ပါ။ အဓိကကတော့ ကစ်ကကျောင်းဇာတ်လေးတွေ လည်း မရိုက်တာ ကြာပြီ။ ဟာသကားလေးလည်းဖြစ်တယ်။ ဟာသလည်းမရှိ သေးတော့လက်ခံဖြစ်တာ၊ တချို့တော်တော်များများအခန်းတွေ က ရယ်ရပါ တယ်” လို့ ပြောပါတယ်။

ဇာတ်ကားလေးက ကျောင်းအငွေ့အသက်တွေခံစားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် လာကြည့်တဲ့ ပရိသတ်တွေအတွက်လည်း အမှတ်တရဖြစ်စေမှာပါလို့ ဝတ်မှုံရွှေရည်က ပြောပြခဲ့ပါတယ်။ ”ကစ်တို့ကျောင်းတက် တုန်းက အမှတ်တရတွေတော့ အများကြီးပါပဲ၊ ဒါပေမဲ့ ကစ်တို့ကျတော့ mainထဲ မှာမတက်ခဲ့ရဘူး။ mainထဲ မှာတက်ခဲ့တဲ့သူတွေအတွက် ဒီဇာတ်ကားလေးပြန်ကြည့် ရင်တော့ အမှတ်တရအလွမ်းပြေဖြစ်မှာပေါ့။ ပြီးတော့ ကျောင်းသား ဇာတ်လေးတွေကို မကြည့်တာကြာတဲ့ ပရိသတ်တွေလည်းလာ ကြည့်ပြီးတော့ ရယ်ရမှာပါ” လို့ ပြောပါတယ်။ မကြာခင်ကလည်း My Country My Home ဇာတ်ကားအတွက် လွှတ်တော် ၂ နှစ် ပြည့်အခမ်းအနားမှာ ပြသခွင့်ရခဲ့လို့လွှတ်တော်ကို ရောက်ရှိ ခဲ့တာဖြစ်ပြီး၊ သူ့အနေနဲ့ လွှတ်တော်ထဲကို ပထမဦးဆုံး အကြိမ်ရောက်ဖူးခြင်းဖြစ်ကြောင်း ဝတ်မှုံရွှေ ရည်က ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here