Wednesday, December 25, 2024

ရွှေကုက္ကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်နှင့်...

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုကျေးရွာတွင် ဖြစ်ပွားနေသည့် ဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့...

စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM...

မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍...

ရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

Ursa Major အမည်ရ ရုရှားကုန်တင်သင်္ဘောတစ်စင်းသည် စပိန်နိုင်ငံ နှင့် အယ်ဂျီးရီယားနိုင်ငံအကြား မြေထဲပင်လယ်ရေပြင်တွင် စက်ခန်းပေါက်ကွဲမှုဖြစ်ပွားကာ န-စ်မြုပ်ခဲ့ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက...

ရှိတ်ဟာစီနာကို ပြန်လွှဲပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကိုတောင်းဆို

သြဂုတ်လအတွင်းက နူးဒေလီသို့ ထွက်ပြေးသွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစီရင်နိုင်ရန်အတွက် နိုင်ငံသို့ ပြန်လွှဲပေးစေလိုသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကို ‌ေတာင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီးက...
HomeCelebrities' Newsအရည်အတွက် အများကြီးထုလုပ်လာရတဲ့အခါ ဗိုလ်ချုပ်ရုပ်တုတွေ...

အရည်အတွက် အများကြီးထုလုပ်လာရတဲ့အခါ ဗိုလ်ချုပ်ရုပ်တုတွေ လက်ရာမကျအောင် ဘယ်လိုဂရုစိုက် ဖြစ်လဲ ကိုအောင်ကျော်ထွန်း

ပန်းချီ၊ ပန်းပုပညာရှင် ကို အောင်ကျော်ထွန်းက ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဖေဖော် ဝါရီလ ၁၃ ရက်နေ့ရောက်တိုင်း ၃ လက်မအရွယ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို သူ့ရဲ့ဖေ့စ်ဘုတ်ခ်မှ မိတ်ဆွေများကို မဲဖောက်ကာ လက် ဆောင်ပေးလေ့ရှိပါတယ်။ ဒီနှစ်မှာ လည်း အဲဒီလိုလုပ်ချင်ပေမယ့် ဗိုလ် ချုပ်ရုပ်တု ထုလုပ်မှုတွေနဲ့ မအားလပ် ရအောင် ဖြစ်နေရတဲ့အတွက် ကံ စမ်းမဲဖောက်ပေးဖြစ်မလားဆိုတာကို တော့စဉ်းစားနေတုန်းပဲလို့ ကိုအောင် ကျော်ထွန်းကပြောပါတယ်။ပန်းချီ၊ ပန်းပုပညာရှင် ကို အောင်ကျော်ထွန်းက ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဖေဖော် ဝါရီလ ၁၃ ရက်နေ့ရောက်တိုင်း ၃ လက်မအရွယ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို သူ့ရဲ့ဖေ့စ်ဘုတ်ခ်မှ မိတ်ဆွေများကို မဲဖောက်ကာ လက် ဆောင်ပေးလေ့ရှိပါတယ်။ ဒီနှစ်မှာ လည်း အဲဒီလိုလုပ်ချင်ပေမယ့် ဗိုလ် ချုပ်ရုပ်တု ထုလုပ်မှုတွေနဲ့ မအားလပ် ရအောင် ဖြစ်နေရတဲ့အတွက် ကံ စမ်းမဲဖောက်ပေးဖြစ်မလားဆိုတာကို တော့စဉ်းစားနေတုန်းပဲလို့ ကိုအောင် ကျော်ထွန်းကပြောပါတယ်။

“ဗိုလ်ချုပ်ရုပ်တုတွေပြီးအောင်ထုနေရတဲ့အတွက် ဒီနှစ်ကတော့မဲ တောင်မဖောက်နိုင်ဘူးဖြစ်နေတယ်။ဖောက်လည်းဖောက်ပေးချင်တယ်။ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲ မသိဘူးလို့ စဉ်းစားနေတာ။ မဲအရင် ဖောက်ထားပြီးတော့ နောက်မှပေး မယ်ဆိုတာမျိုးလုပ်ရင်ကောင်းမလား မသိဘူးပေါ့”လို့ ကိုအောင်ကျော် ထွန်းက ပြောပါတယ်။  ပန်းပုပညာရှင် ကိုအောင်ကျော် ထွန်းက ဗိုလ်ချုပ်ရုပ်တုတွေကို အခု လက်ရှိမှာတော့ တော်တော်များ ထု လုပ်ပေးဖြစ်နေပြီး မြန်မာပြည်အနှံ့ မှာတော့ သူထုလုပ်တဲ့ဗိုလ်ချုပ်ရုပ်တု တွေအများကြီးဖြစ်လို့နေပါပြီ။ ဗိုလ် ချုပ်အောင်ဆန်းမွေးနေ့မှာလည်း သူ ထုလုပ်ထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို မြန်မာပြည်အနှံ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဗိုလ် ချုပ်ရုပ်တုတွေ အများအပြားထုလုပ် တဲ့အခါမှာ လက်ရာမကျရအောင် ဘယ်လိုဂရုစိုက်ဖြစ်နေလဲလို့ မေး တော့ . . .

“ကျွန်တော့်နည်းပညာက တစ် ရုပ်ကိုအပိုင်ထုတယ်။ အဲဒီ့တစ်ရုပ်ကို ပရိသတ်တွေက ကြိုက်သွားပြီဆိုရင် အဲဒီ့ပုံစံအတိုင်းထုတယ်။ ရှေ့ကတစ် ရုပ်က ကောင်းထားပြီးပြီဆိုရင် အဲဒီ့ အတိုင်းကို မိုလောင်းပြီး အဲဒီ့အတိုင်း တစ်ပုံစံတည်းထွက်တယ်။ ဒါကျွန်တော့် ရဲ့နည်းပညာပေါ့။ နောက်ထပ်ပုံစံ အသစ်တစ်မျိုးကျရင်လည်း အဲဒီ့ ပုံစံကို ကျွန်တော်စိမ်ပြေနပြေခံစား တယ်။ ကျွန်တော့်တပည့်တွေကို ထု ခိုင်းတယ်။ ကျွန်တ်ာကဘေးကနေပြီး တော့ကြည့်တယ်။ လက်ဝှေ့ပွဲလိုပဲ ပေါ့။ ဘေးကနေကြည့်တဲ့လူက ပို မြင်တယ်လေ၊ တကယ်လုပ်နေတဲ့လူ က မွှန်ပြီးတော့မမြင်တော့ဘူး။ ကြိုက် ပြီဆိုရင်တော့မှ မိုမဖမ်းသေးဘူး။ ခဏလေးထား ထားလိုက်တယ်။ ထားပြီးတော့ သူ့ကိုအာရုံဖြတ်ထား လိုက်တယ်။ မကြည့်တော့ဘူး။ ပြီး တော့မှသေချာပြန်ကြည့်ပြီးတော့ လို တာလေးတွေပြန်လုပ်တယ်။ အဲဒီ လိုမျိုး စေ့စေ့စပ်စပ်လေးလုပ်ပေးပါ တယ်။ ဗိုလ်ချုပ်မျက်နှာနဲ့ပတ်သက် ပြီးတော့ ကျွန်တော့်ဗိုလ်ချုပ်မျက်နှာ တွေကတော့ အားလုံးလက်ခံပါတယ်။ မတူဘူးလို့ ဘာတို့မရှိဘူး။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်က ဗိုလ်ချုပ်မျက်နှာကို အလွတ်ပဲ ကျက် ထားလိုက်တော့တယ်”လို့ ပြောပါ တယ်။

ဗိုလ်ချုပ်ရုပ်တုတွေနဲ့ပတ်သက်လို့ တူခြင်းမတူခြင်းအပေါ် ဝေဖန်မှု တွေလည်းရှိပါတယ်။ ဒီလိုဝေဖန် မှုတွေအပေါ် ဘယ်လိုခံစားလဲလို့သူ့ကိုဆက်မေးတော့ . . .

“ဒီလိုဝေဖန်ကြတဲ့သူတွေက လည်း ဒီပညာမတတ်တဲ့ လူတွေ လည်းပါတယ်။ သူ့ပါးစပ်ထဲရှိရာ သူ ပြောတာကိုး။ ကိုယ်ကအဲဒါတွေကို လိုက်ခံစားတဲ့အခါကျတော့ ကိုယ်နာ တာလေ။အဲဒီတော့သူတို့ဝေဖန်တာ ကို ထပ်ကြည့်ပေးတယ်။ သူကမ သိလို့ပြောတာ။ သူကသိလို့ပြော တာ။ သိလို့ပြောတဲ့လူတွေရဲ့ဟာကို ကျွန်တော်ပြန်ကြည့်လိုက်တယ်။ သူတို့ပြောတာဟုတ်လားပေါ့။ သူတို့ ပြောတာလက်ခံပါတယ်။ ဟုတ်တယ် ဆိုရင် နောက်တစ်ရုပ်ကျရင် သူတို့ ဝေဖန်တဲ့အချက်နဲ့ ကောင်းအောင် ပြန်လုပ်တယ်။ ဒါပေမဲ့ သူတို့ ဝေဖန်တာမဟုတ်ရင် လက်မခံဘူး။သူတို့ ဝေဖန်တာကိုတည်တည်ငြိမ် ငြိမ်ပဲထားလိုက်တယ်။ လုံးဝမကြည့် ဘူးလည်းမဟုတ်ဘူး။ဝေဖန်မှုတွေက အတိုက်အခံဘက် ဝေဖန်တာရှိတယ်။ စေတနာနဲ့ဝေဖန်တာရှိတယ်။ နာ မည် ပျက်စေချင်လို့ဝေဖန်တာလား၊ ကောင်းစေချင်လို့ဝေဖန်တာ လား ပေါ့။ကွန်မန့်တွေကို ကျွန်တော်ခွဲ တတ်ပါတယ်”လို့ ကိုအောင်ကျော် ထွန်းကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071