DIMENSIONS ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဆယ်တန်းစာမေးပွဲ ဖြေထားသလို ရင်ခုန်နေတယ် ခါရာ

0
187

သရုပ်ဆောင်ခါရာက DIMENSIONS ရုပ်ရှင်ဇာတ်ကားကို ပြန်ကြည့်ပြီး ကျေနပ်တဲ့အပြင် ဇာတ်ကားနဲ့ ပတ်သက်တဲ့အတွေ့ အကြုံများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

” ဒီဇာတ်ကားက အားရကျေနပ်မှုတော့ရှိပါတယ်။ ကျွန်တော် သေချာလေး အချိန်ပေးပြီးတော့ ရိုက်ကူးထားပါတယ်။ ကိုယ်ဘာသာ ကို ပြန်ကြည့်တဲ့အခါမှာလည်း တော်တော်လေးသဘောကျတယ်။ အက် ရှင်ခန်းတွေဆို ကျွန်တော်ကိုယ်တိုင် အားမရပေမယ့် ကြိုက်တယ်။ အခု ချိန်ဆို ဒီထက်ပိုပြီး လုပ်နိုင်မှာ။ ဘာကြောင့်လည်းဆိုတော့ ပထမဦး ဆုံး အတွေ့အကြုံဆိုတော့ ကျွန်တော် ကြိုးစားပြီး လေ့လာပါ တယ်။ ကျွန်တော် Mister ပြိုင်ပြီး အက်ရှင်အနေနဲ့ ဒီဇာတ်ကားကို ပထမဆုံး စရိုက်ကူးဖြစ်ပါတယ်။ အဲဒီ ဇာတ်ကား စရိုက်ကူးဖြစ်တော့လည်း ကျွန်တော် သရုပ် ဆောင်နဲ့ ပတ်သက် ပြီး အများကြီး လေ့လာထားတာ မရှိဘူး။ အက်ရှင်နဲ့ ပတ်သက်ရင် ကျွန်တော်မြန်မာ လက်ဝှေ့သင်ဖူးတာပဲရှိတယ်။ အက်ရှင်ဇာတ်ကား ပြီးတာနဲ့ ကျွန်တော်အက်ရှင်လုပ်ရတာ တော်တော် ကြိုက်လာတယ်။ ဒီဇာတ်ကားမှာပဲ ကျွန်တော်အတွေ့ အကြုံတွေအများကြီးရလိုက်တယ်” လို့ ပြောပါ တယ်။

ခါရာက ကြိုးစားအားထားပေမယ့် ပရိသတ် လက်ခံမှ ကြိုးစားမှု အရာရောက်ကြောင်းကို တော့… ”ဒီဇာတ်ကားနဲ့ပတ်သက်ပြီး စိတ်ခံစား မှုတစ်ခု တော့ဖြစ်တယ်။ ပရိသတ် လက်ခံပါ့ မလား ပေါ့နော်။ ကျွန်တော်တို့ ဘယ်လောက်ကြိုးစား ကြိုးစား ပရိသတ်လက်ခံမှပဲ ကြိုးစားရကျိုးနပ်မှာပေါ့နော်။ ဆယ်တန်း စာမေးပွဲ ဖြေထားသလိုပဲ ရင်ခုန်နေတယ်”လို့ ခါရာက ဆိုပါတယ်။

ချယ်ရီ
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here