ဒါရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး အများကြီး လေ့လာရဦးမယ် ဖြိုးငွေစိုး

0
241

သရုပ်ဆောင်ဖြိုးငွေစိုးက ကိုယ်တိုင်ရေးဇာတ်လမ်းကို မကြာခင်မှာ ဒါရိုက်တာညွန့်မြန်မာညီညီအောင်နဲ့ ရိုက်ကူး တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့’တက္ကစီ’လို့ အမည်ပေးထားပြီး၊ ဟာသဇာတ်လမ်းလေးလည်းဖြစ်ပါ တယ်။ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဖြိုးငွေစိုးက . . .

”ဇာတ်လမ်းက အစ်ကို့ဇာတ်လမ်း။ ဇာတ်ကားနာမည်ကို တက္ကစီလို့ပေးထားတယ်။ မင်းမော်ကွန်းလည်းပါမယ်။ ဇာတ်လမ်းပုံစံကတော့ ဟာသလေးပါပဲ၊ ရှေ့ကတစ်ကားလည်း ဦးညီနဲ့ပဲရိုက်ကူးထားတယ်။ အဲကားလေးရိုက်ရင်းနဲ့ နောက်တစ်ကားရိုက်ဖို့ ဇာတ်လမ်းစဉ်းစားကြတော့ အစ်ကို့မှာရှိပြီးသား ဇာတ်ကို သူတို့ကိုပြောပြတော့ သူတို့တွေ ကြိုက်ကြတယ်။ အဲဒါနဲ့ရိုက်ကူးဖို့ လုပ်ဖြစ်သွားတာပါ။ ထွေထွေထူးထူးကြီး ပြင်ဆင်စရာမရှိပါဘူး၊ တက္ကစီမောင်းတဲ့ လူသုံးယောက်ရဲ့ အလွဲအချော်လေးတွေပေါ့။ ဒီဇာတ်လမ်းကို ကျွန်တော်ရေး ထားတာတော့ နည်းနည်းကြာနေပြီ” လို့ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေအပြင် ဇာတ်လမ်းလေးတွေလည်း ကိုယ်တိုင်ရေးဖြစ်နေတဲ့ ဖြိုးငွေစိုးက သူရေးသားထားတဲ့ ဇာတ်လမ်းအချို့ကိုလည်း ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်ပါ တယ်။ ဇာတ်လမ်းရေးဖြစ်ပုံနဲ့ပတ်သက်ပြီးဖြိုးငွေစိုးက . . .

”အဲလိုပဲ စိတ်ကူးပေါက်ရင် ဟိုရေး၊ ဒီရေးထားတာတွေ ကျွန်တော်ဆီမှာရှိတယ်။ တစ်ခါတစ်လေ ရိုက်ကူးဖို့ ဇာတ်လမ်းတွေလိုတဲ့ အခါဆိုရင် ပြောရင်းဆိုရင်းနဲ့အဆင်ပြေသွားရင် ကျွန်တော့် ဇာတ်လမ်းတွေယူပြီးတော့ နည်း နည်းလေးမွမ်းမံပြီးတော့ ရိုက် ကြတယ်။ ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်း ကို ကိုယ်တိုင်ပြန်ရိုက်တဲ့အခါမှာတော့ အစ်ကို့လုပ်ကွက် နည်းသွားတယ်။ တစ်ခါတ လေကျတော့လည်း ပိုအဆင်ပြေတယ်၊ တစ်ခါတလေကျတော့ လည်း ရေးတုန်းကကြိုက်တယ်။ တကယ်ရိုက်တဲ့ အချိန်ဆိုရင် မကြိုက်တော့ဘူး။ ကောင်းတာနဲ့ဆိုးတာ တစ်ဝက်စီပေါ့”လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံ ဖော်ထားတဲ့ ဇာတ်ကားတွေကတော့ ဆင်ဆာတင်ထားပြီး၊ နောက်ပိုင်းမှာတော့ ဒါရိုက်တာအ နေနဲ့ ရိုက်ကူးပုံဖော်ဖို့ လောလောဆယ်မရှိသေးကြောင်း ဖြိုးငွေစိုးက ပြောပါတယ်။

”အစ်ကိုဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုကားလေး တွေတော့ အခုဆင်ဆာမှာ။ ဆင်ဆာတစ်ချက်နှစ်ချက် ထိသွားတာ မျိုးတွေရှိတယ်။ နောက်ပိုင်းမှာ ဒါရိုက်တာအနေနဲ့ ထပ်ပြီးပုံဖော် ဖို့တော့ လောလောဆယ်မရှိသေးပါဘူး။ လုပ်ချင်စိတ်တော့ရှိတယ်။ ဒါပေမဲ့ အစ်ကိုအဲဒီလောက်ထိ မကျွမ်းကျင်သေးဘူး။ အစအဆုံး ကျွန်တော်မလုပ်တတ်သေးဘူး။ ကျွန်တော်လုပ်တတ်တဲ့ အပိုင်းလေးက နည်းနည်းလေးပဲရှိသေးတော့ တချို့နေရာလေးတွေမှာ ကျွန်တော် မတတ်ကျွမ်းတဲ့အပိုင်းတွေမှာ လုပ်ရကိုင်ရတာ တော်တော်လေးဒုက္ခ ရောက်ရတဲ့အပိုင်းတွေလည်းရှိတယ်။ နည်းနည်းလေး ထပ်ပြီး လေ့လာရဦးမယ်”လို့ ဖြိုးငွေစိုးက ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here