ပိုင်ဖြိုးသု ဆံပင်တိုညှပ်ရခြင်းအကြောင်း

0
609

သရုပ်ဆောင် ပိုင်ဖြိုးသုက ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားမှာ ရဲမေကာရိုက်တာ အတွက် ဆံပင်အတိုလေး ညှပ်ခဲ့ရတယ်လို့သိရပါတယ်။ ဒီကေတို ဆံပင်ကသူ့ဘဝမှာ အတိုဆုံးညှပ် ဖူး တာဖြစ်ကြောင်းကို ပိုင်ဖြိုးသုက…

“ဒီဆံပင်က ဦးစတီးလ်ညှပ်ခိုင်းတာ။ အရှေ့ဇာတ်ကား ဗိုလ်နေတိုး ဇာတ်ကားမှာ ရဲမေကာရိုက်တာ အက်ရှင်ကာရိုက်တာတွေဆိုတော့ထိုးတာ တွေကြိတ်တာတွေ သတ်ပုတ်တဲ့အခန်းတွေအများကြီးပဲ။ အဲဒီမှာ သူများတွေ က အတုတပ်လိုက်ပါလားပေါ့နော်။ အတုတပ်လိုက်တဲ့ အခါကျတော့ ဘယ်လောက်ခုန်တာလုပ်လုပ် ခုန်တာကျော်တာလွှားတာတွေ လုပ်တဲ့အခါကျ ရင် ကျွတ်တာတွေဖြစ်ရင် ရိုက်ကွင်းပေါ်မှာ အနှောင့်အယှက် ဖြစ်မှာစိုးလို့ သု ဒီကေလေးညှပ်လိုက်တာပါ။သုဆံပင်အတိုညှပ်ဘူးပါတယ်။ အေဒင်ရဲ့ နတ်သမီးမှာတော့ ဆံပင်အတိုလေးပေါ့။ ကိုစိုင်းတို့နဲ့ရိုက်တဲ့ ရုပ်ရှင်ကားကြီး မှာတုန်းကလေ။ဒါပေမဲ့အဲဒီကားကြီးတုန်းက ဒီလောက်မတိုဘူး။ ဒါအတိုဆုံးပဲ၊ ဘဝမှာအတိုဆုံးညပ်ဖူးတာ။ နောက်ပိုင်းတော့အရှည်ပြန်ထားမှာပါ။သုတို့ ကျတော့ သရုပ်ဆောင်ဆိုတော့လေ ဆံပင်ကပခုံးလောက်ထိထားရင် အဆင် ပြေဆုံးပဲ။ တိုချင်ရင်လည်း အတုစွတ်ပြီးတိုလို့ရတယ် ခေါက်လို့ရတယ်။ ရှည်ချင် လည်း အရှည်ချင်းဆက်ရတာလွယ်တယ်ဆိုတော့လေ” လို့ပြောပါ တယ်။

အခုလိုဆံပင်အတိုလေးနဲ့က ပေါ့ပါးပေမယ့် ဇာတ်ကားအရဇာတ် ကောင် စရိုက်အရဆံပင်ရှည်လိုချင်ရင် ဆံပင်အတုတပ်ရတာတော်တော်ပင်ပန်း တယ်။ ဆံပင်အတုတပ်တဲ့အခါမှာ ပူအိုက်တဲ့ ဒုက္ခလေးတော့ခံရတယ် လို့ ပိုင်ဖြိုးသုကပြောပါတယ်။ အခုလတ်တ လောမှာတော့ ပိုင်ဖြိုးသုက ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမယ့် Sweet Cobra ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား မှာ ပီယာနိုသင်တန်းတက်နေတဲ့ ကောင်မလေးတစ်ယေက်အဖြစ် ပါဝင် သရုပ်ဆောင်သွားရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကသူမရိုက်ဖူးသေးတဲ့ ရိုမန့် ကားလေး ဖြစ်ကြောင်းကို ပိုင်ဖြိုးသုက…

“ကာရိုက်တာက ရဲမှူးကြီးရဲ့ သမီးနေရာ။ ပြီးတော့ ပီယာနိုသင်တန်း တက်နေတဲ့ကောင်မလေး။ လူငယ်ကာရိုက်တာလေးပါ။ ဒီကားလေးက ရိုမန့် လေးပါ။အက်ရှင်လေးတွေလည်းပါပါတယ်။သုသုဘက် ကျတော့ ရိုမန့်လေး ပါ။သုကဒီလို ရိုမန့်ကားမရိုက်ဖြစ်ဘူးပေါ့နော်။ မရိုက်ဖြစ်ဘူးဆိုတာက မခေါ် ကြတာများတယ်။ သုဆို များသော အားဖြင့် ဒရာမာတွေများတယ်။မိသားစု ဒရမ်မာတွေ၊ ငိုရတဲ့အခန်းတွေကများတယ်။အခုကျတော့ အဲဒီလိုပုံစံမဟုတ် ဘဲနဲ့ ကောင်လေးနဲ့ကောင်မလေးအတွဲလေးပေါ့နော်။ ဒီကားလေးအတွက်ကို ကြည့်လိုက်တာနဲ့ ခရုဘက်သွားတဲ့ ပုံစံဖြစ်အောင်ပြင်ဆင်ထားပါ တယ်။ ပီပြင်အောင် အကောင်း ဆုံးကြိုးစားသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here