အမေရိကန် ဟစ်ဟော့ပ်အဖွဲ့ကို မဟာဂီတနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ဒေါ်မာမာအေး

0
183

မြန်မာနိုင်ငံ ဂီတပညာရှင်တွေရဲ့ မဟာဂီတကို နားထောင်လိုတဲ့ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ အမေရိကန် ဟစ်ဟော့အဖွဲ့ URBAN Artistry အဖွဲ့အတွက် အဆိုတော် မာမာအေးဦးစီးတဲ့ မဟာဂီတသရုပ်ဖော်ပြသပွဲကို ဖေဖော် ဝါရီလ ၈ ရက်နေ့က ဂီတအစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တေးဂီတတွေက ဘယ်လိုယဉ်ကျေးမှု ရှိသလဲဆိုတာကို ဒီဟစ်ဟော့ပ်အဖွဲ့ကို ပြသခွင့်ရတဲ့အတွက် တကယ်ပဲဂုဏ်ယူမိတယ်လို့ပြောတဲ့ ဒေါ်မာမာအေးက ….

“ကိုယ့်နိုင်ငံက ရိုးရာဂီတတွေကို အမေရိကန်ကလာတဲ့ ဟစ်ဟော့ပ် အဖွဲ့က လာရောက်လေ့လာတယ်ပေါ့။ အဲဒီအတွက်လည်း ဂုဏ်ယူတယ်။ သရုပ်ဖော်ပြသခွင့်ရလို့လည်း ကျေနပ်တယ်။ ကိုယ့်ရဲ့ ရိုးရာဂီတတွေကို နိုင်ငံ တကာကလူတွေ လေ့လာနိုင်တဲ့အတွက်လည်း ပျော်တယ်။ သူတို့ကလည်း ဒီဂီတတွေနဲ့ ရင်းနှီးချင်စိတ်ဖြစ်တာကို မြင်ရတဲ့အတွက် ဝမ်းသာတယ်။ ကျွန်မတို့ မြန်မာသံတွေ တစ်ခေတ်ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ မဟာဂီတကို နားထောင်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ကိုလည်း အမေရိကန်က ရောက်ရှိလာတဲ့ ဟစ်ဟော့ပ်အဖွဲ့URBAN Artistry တည်ထောင်သူ Jurious House Birickhouse ကလည်း …

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ဟစ်ဟော့ပ်ဂီတနဲ့ ပတ်သက်ပြီး လေ့လာ တာပါ။ ရောက်တာတော့ တစ်ပတ်ရှိပြီပေါ့နော်။ အဲဒီမှာ ဒီမြန်မာနိုင်ငံရဲ့ တေးဂီတ သရုပ်ဖော်ပြပွဲကို ကြည့်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်။ ကျွန်တော် အခုမှ သိလိုက်ရတာက ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ကျွန်တော်တို့ ဟစ်ဟော့ပ် တေးဂီတဟာ ရိုးရာယဉ်ကျေးမှုဖြစ်သလို မြန်မာနိုင်ငံမှာလည်း ဒီမဟာတေးဂီတဟာ မြန်မာနိုင်ငံအတွက် ယဉ်ကျေးမှုဆိုတာကို သိလိုက်ရ တယ်။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်” လို့ ပြောခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here