စာရေးဆရာ မြသန်းတင့် ကွယ်လွန်ခြင်း နှစ် ၂ဝပြည့် အထိမ်းအမှတ်ပွဲနှင့် မြသန်းတင့်ချစ်သူများ တွေ့ဆုံပွဲ ကျင်းပမည်

0
221

စာရေးဆရာမြသန်းတင့် ကွယ်လွန်ခြင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲနှင့် မြသန်းတင့်ချစ်သူများတွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ နံသာမြိုင်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း မြသန်းတင့်ချစ်သူများထံမှ သိရသည်။ အခမ်းအနားတွင် ဆရာမြသန်းတင့် အမှတ်တရ ပန်းချီကားများပြသခြင်း၊ ကဗျာများ ရွတ်ဆိုခြင်း၊ အမှတ်တရစကားပြောကြားခြင်း၊ အမှတ်တရစာအုပ်များနှင့် အမှတ်တရပစ္စည်းများ ပြသခြင်းတို့ ဆောင်ရွက်ကြမည်ဖြစ်သည်။ စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီအိပ်မက်၊ သုခမြို့တော်စာအုပ်၊ အချစ်မိုးကောင်းကင်စာအုပ်တို့ဖြင့် အမျိုးသား စာပေ (ဘာသာပြန်) ဆု (၅)ဆု ရရှိခဲ့သည်။ မြသန်းတင့်၊ ဇောတိက ၊ ထက်အောင်၊ ပါနောက်နဲ့ ပါမောက်၊ မေမေလှိုင်၊ မင်းနန္ဒာ၊ မြသန်း၊ မြသန်းတင့်၊ ရဲအောင်ဇေ၊ မောင်သစ်တည်၊ ဥပဒေသုတေသီတစ်ဦး၊ အုတ်လှငယ် စသည့် ကလောင်ခွဲများဖြင့် ကဗျာ၊ ဝတ္ထုတို၊ (ပင်ကိုရေး)၊ ဝတ္ထုတို(ဘာသာပြန်)၊ အခန်းဆက် ဝတ္ထုရှည်(ဘာသာပြန်)၊ အခန်းဆက်ဝတ္ထု၊ စာပေ၊ ခရီးသွား၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ သမိုင်း၊ သိပ္ပံပညာ၊ ဥပဒေ၊ အနုပညာ၊ အတ္ထုပ္ပတ္တိ၊ လုံးချင်း၊ အထွေထွေဆောင်းပါးပေါင်းများစွာကို ကွယ်လွန်ချိန် အထိရေးသားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here