အိန္ဒိယမော်ဒယ် ပါဝင်မယ့် မဟူရာရုပ်ရှင် ဇာတ်ကား

0
250

Media 7 မှ ထုတ်လုပ်ရိုက်ကူး မယ့် ‘မဟူရာ’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် အိန္ဒိယမော်ဒယ်လ်Riya Ray က မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ ကျော်ကျော်ဗို၊ နေတိုး၊ မင်းသွေး ၊Riya Ray ၊ နန်းဆုဦးတို့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ မဟူရာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့Media 7 မှ ကိုဝေမင်းမောင်က ….

“ဒီဇာတ်ကားကို ကျွန်တော်တို့Media 7 က ကိုနေတိုးနဲ့ရိုက်တာ ၅ ကားမြောက်ပါ။ ကိုနေတိုးနဲ့ လက်တွဲ ရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကား နဲ့တစ်ကား ကွဲပြားသွားအောင် အိန္ဒိယမင်းသမီးနဲ့ တွဲဖက်ရိုက်ကူးဖို့အတွက် စီစဉ်ခဲ့ တယ်။ သူနဲ့ပတ်သက်ပြီးတော့ ဇာတ် လမ်းလေးကို လူငယ်ဒါရိုက်တာ ပြည့်စုံ ဖြိုးဆီမှာရှိတယ်။ အိန္ဒိယ မော်ဒယ်လ်Riya Ray ကို ခေါ်တာကလည်း အိန္ဒိယ က Internationalမှာရော သူ့ရဲ့ အနု ပညာလှုပ်ရှားမှုတွေပါ အများကြီးပါ။ ကျွန်တော်တို့ အနေနဲ့လည်း အိန္ဒိယနဲ့ ပူးပေါင်းပြီး ရိုက်ကူးချင်တာလည်း ပါတာကြောင့်ပါ” လို့ ပြောပါတယ်။

မဟူရာ ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင် ရိုက်ကူးခဲ့ပြီး ရန်ကုန်မြို့မှာပဲ ရိုက်ကူး ဖို့ရှိကြောင်းလည်း သိရပါတယ်။

ချယ်ရီ်


LEAVE A REPLY

Please enter your comment!
Please enter your name here