မင်းသား Taeyang နဲ့ မင်းသမီး Min Hyo Rin တို့ဟာ မင်္ဂလာပွဲကို လာရောက်ကြတဲ့ ဧည့်ပရိတ်သတ်တွေထံက မင်္ဂလာ လက်ဖွဲ့များကို လက်ခံဖို့ငြင်းဆိုခဲ့ပါတယ်။ Taeyang နဲ့ Min Hyo Rin တို့ဟာ ၃ရက်နေ့က ဆိုးလ်ရှိဘုရားကျောင်းမှာ မင်္ဂလာပွဲပြုလုပ်ခဲ့ပီး မင်းသား Ki Tae Young က အခမ်းအနား တင်ဆက်သူအဖြစ် ပြုလုပ်ခဲ့ကာ Zion.T က ဂုဏ်ပြုသီချင်းသီဆိုခဲ့ပါတယ်။ After – party မှာတော့ Daesung က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး CL နဲ့ Seungri တို့ကဂုဏ်ပြုသီချင်းသီဆိုခဲ့ပါတယ်။