ပရိသတ်တွေ အဖြစ်မှန်သိရဖို့ ပြန်လည်ရှင်းပြလာတဲ့ လုလု

0
230

သရုပ်ဆောင်လုလုရိုက်ကူးနေတဲ့ ‘နေရယ် လရယ် အမှန်တရားရယ်’ ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းတချို့ ရိုက်ကူး နေတဲ့ ဓာတ်ပုံကို သူငယ်ချင်းတစ်ယောက်က စနောက်ရင်းနဲ့မှ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံနှံ့သွားခဲ့ပါတယ်။ အခုလို ပျံနှံ့သွားတဲ့ပုံနဲ့ပတ်သက်ပြီး လုလုကိုမေးမြန်းကြည့်ခဲ့ရာ ”ကျွန်တော်ခု ဦးအောင်ကိုလတ်ရိုက်ကူးတဲ့ ‘နေရယ် လရယ် အမှန်တရားရယ်’ ဇာတ်လမ်းတွဲရိုက်ကူးနေတာ၊ အဲဒီကားရဲ့ ဇာတ်ဝင်ခန်းအချို့ကို ကျွန်တော်တို့ဓာတ်ပုံတွေ ရိုက်ကြ တယ်။ ကျွန်တော်က အဖမ်းခံရပြီး ရုံးထုတ်မယ့် အခန်းရိုက်ရမှာ။ အဲ့ဒီအခန်းကို ဓာတ်ပုံရိုက်ခဲ့တာ၊ ရိုက်တဲ့အချိန်မှာလည်း ကျွန်တော် အဖမ်းခံရတာကို ရယ်ပြီး ရိုက်ရင် အဲဒီပုံက အခုလောက်ပြဿနာဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်ရုပ်တည်နဲ့ ရိုက်လိုက်တာ။ အဲဒါနဲ့ ကျွန်တော်နဲ့ခင်တဲ့ ကိုရောဘတ်က အဲဒီပုံကို ကျွန်တော့် facebook ပေါ်ကို tag တွဲလိုက်တာ။ ကျွန်တော်တို့က အရင်ကတည်းက နောက်ပြီးတင်နေကျ။ အဲလိုနောက်လိုက်တဲ့ ပို့စ်က တဖြည်းဖြည်းနဲ့ like တွေ Share တွေများလာတယ်။ ဖြစ်ချင်တော့ အဲဒီကိစ္စကလည်း လတ်တလော ခေတ်စား နေတာဆိုတော့ တကယ်ထင်သွားကြတယ်။ တချို့comment တွေဆိုရင် အဲဒါကိုရောင်းချင်လို့ ဘယ်လိုဆက်သွယ်ရမလဲဆိုပြီး ရေးကြတော့ ကိုရော ဘတ်က အဲဒါနဲ့ ရောင်းချင်ရင် သူနဲ့ဆက်သွယ်ပါဆိုပြီး ကျွန်တော့် ဖုန်းနံပါတ် ပေးလိုက်တာ။ အဲဒါနဲ့ ကျွန်တော့်ဆီ ဖုန်းတွေဆက်ကြတယ်။ တချို့ဆို တကယ် ရောင်းချင်လို့ဆိုပြီး တကယ်ဆက်တဲ့သူတွေလည်း ရှိတယ်။ နယ်ကသူတွေ များတယ်။ ရွာမှာ စီးပွားရေးအဆင်မပြေလို့ တကယ်ရောင်းချင်လို့ဆိုပြီး ဆက်ကြတယ်။ လူတောင်စုထားတယ်ဆိုပြီး လာပြောတယ်။ သူတို့အနေနဲ့က ကလေးတွေလည်းမွေးထားပြီးပြီဆိုတော့ ဒါကို ရောင်းချင်တယ်လို့ တကယ်ပြော ကြတယ်။ အဲဒါနဲ့ ပြဿနာက တဖြည်းဖြည်းကြီးလာပြီ။ မဖြစ်တော့ဘူးဆိုပြီး ကျွန်တော်ပြန်ရှင်းပြီး တင်ထားတဲ့ပို့စ်ကို သူငယ်ချင်းတွေရော Page တွေ ကရော ပြန်ပြီး share ပေးကြမှ နောက်တာလို့သိသွားကြတာ” လို့ ပြောပါတယ်။

တွယ်တာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here