မိခင်တစ်ယောက် ဖြစ်သွားတဲ့အချိန်မှာသဉ္ဇာနွယ်ဝင်းပြောင်းလဲသွားရခြင်းအကြောင

0
149

သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာတော့ အနုပညာ အလုပ်တွေ လုံးဝရပ်တန့်ခဲ့ပြီး မိသားစုကိုပဲ အချိန်ပေးဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသားဖြစ်သူရဲ့ ဟော့ပေါ့ဆိုင်လုပ်ငန်းကိုပဲ ကူညီပေးဖြစ်တော့တယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်းက နောက်ထပ်လည်း ဆိုင်ခွဲတွေ တိုးချဲ့သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“သဉ္ဇာတို့လုပ်ငန်းအနေနဲ့ကHot Pot City ကို အလုံဘက်မှာ ဆိုင်ခွဲထပ်ဖွင့်ဖို့ရှိပါတယ်။ သုံးလပိုင်းဝန်း ကျင်လောက်မှာ ဖွင့်ဖြစ်မှာပါ။ Hot Pot City ကတော့ ဘူဖေးပေါ့နော်။ နောက်ထပ်တစ်ဆိုင်ကတော့ အာကာပါ။ အားလုံးကလည်း သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖွင့်တာပါ။ အားလုံး Idea တွေ ပေါင်းလိုက်ပြီး လိုအပ်တာတွေကို အကောင်းဆုံးဖြစ်အောင် ပြန်ပြီးလုပ် ကြတယ်။ သဉ္ဇာလည်း ကလေးနည်းနည်းကြီးမှပဲ အလုပ်ပြန်လုပ်ဖြစ် တော့မယ်။ ပြန်လုပ်ဖြစ်ရင်လည်း အမျိုးသားရဲ့ အလုပ်ကိုပဲ ဝိုင်းကူပေး ဖြစ်မှာပါ။ အရင်က သဉ္ဇာနွယ်ဝင်း နဲ့ အခုလက်ရှိမှာလည်း ပြောင်းလဲ သွားပြီလို့ထင်တယ်။ အရင်ကဆို ကိုယ်က အနုပညာအလုပ်တွေပဲ လုပ်တယ်။ မင်းသမီး ဖြစ်တဲ့အတွက် အပြင်တွေဘာတွေ သွားရင် လည်း လှလှပပလေး ပြင်ဆင်ပြီးသွားဖြစ် တယ်။ အခုကလေးအမေလည်းဖြစ်သွားပြီ ဆိုတော့အရင်လောက်လည်း အလှမပြင်ဖြစ် တော့ဘူး။ စိတ်ထဲမှာလည်း ရင့်ကျက်သွား ပြီလို့ခံစားရပါတယ်”လို့ပြောပါတယ်။

သဉ္ဇာနွယ်ဝင်းရဲ့ သားဦးလေးကလည်း အခုဆိုရင် နှစ်လဝန်းကျင် ကိုရောက်ရှိလာ ပြီဖြစ်ပြီးသဉ္ဇာနွယ်ဝင်းကလည်း သူ့ရဲ့ ကိုယ်ပိုင်အကောင့် မှာ သားရဲ့ဗီဒီယိုလေး တွေကို မကြာမကြာတင်ထားလေ့ ရှိပါတယ်။ သဉ္ဇာနွယ်ဝင်းက…

“သားကအခု ၂လ ကျော် သွားပါပြီ။ ကျော်မျိုးမြင့်လို့ အမျိုး သားက နာမည်လေးပေးထားတယ်။ ဒါပေမဲ့ မသေချာသေးဘူး။ ရက် တစ်ရာပြည့်မှပဲ သေသေချာချာ နာမည်တစ်ခုခုကို ရွေးမှာပါ။ သဉ္ဇာကအနုပညာ အလုပ်တွေ မလုပ်တော့ပေမယ့် သဉ္ဇာကို အခုထိ ပရိသတ်တွေ ချစ် ကြ တယ်၊ အားပေးကြတယ်။ သားလေးရဲ့ဗီဒီယိုလေး တွေ တင်ရင်လည်း အားပေး ကြ တယ်၊ ချစ်ကြ တယ်။ သဉ္ဇာ လည်းသားသားရဲ့ ဗီဒီ ယိုလေးတွေ တင်တယ် ဆို တာက ကလေးက ငယ်သေး တာဖြစ်တဲ့အတွက် သူ့ရဲ့ အမှတ်တရပုံရိပ်တွေကို သိမ်းထားချင်တဲ့ သဘော ပါ။ဗီဒီယိုရဲ့အောက်မှာ ပရိသတ်တွေက သားပုံ လေးတွေ ထင်တင်ပါ ဦးဆိုတာနဲ့ပဲ ထပ် တင်ဖြစ်တယ်။ က လေး ကြီးလာတဲ့ အခါ ကျတော့လည်းပြန် ကြည့်ပြီးအမှတ် တရဖြစ်တာပေါ့”လို့ ပြောပြပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ အိမ်ထောင်ရေးကတော့ အခုဆိုရင် တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး မင်္ဂလာ နှစ်ပတ်လည်နေ့မှာလည်း အမျိုးသား ဖြစ်သူက ပန်းတွေနဲ့ သဉ္ဇာနွယ်ဝင်းကှိုကမစမငျန လုပ်ပေးခဲ့ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here