ဖိုးချစ်ရဲ့ သင်ကြားပြသမှုအောက်မှာပဲ အနုပညာခရီးကို ဆက်လျှောက်သွားမယ့် ဟွန်းနောင်နောင်

0
461

မြို့ရွှေမန်းသားဖိုးချစ်ရဲ့တူ မင်းသားဟွန်းနောင်နောင် က ဦးလေးဖြစ်သူ ဖိုးချစ်နဲ့အတူ ဇာတ်သဘင်ကပြလျက်ရှိပါ တယ်။ သူ့အနေနဲ့ သဘင်အနုပညာကိုဝါသနာမပါပေမယ့် လည်း ဦးလေးဖြစ်သူဖိုးချစ်ကို ကူညီချင်တဲ့စိတ်တွေနဲ့ ဇာတ် သဘင်ကပြဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ”ဦးလေးကိုချစ်တဲ့ စိတ်က သူ့ကို ဘာကူညီရမလဲဆိုတဲ့စိတ်လေး မွေးလာပြီး တော့ ဦးလေးကိုချစ်တဲ့စိတ်နဲ့ အနုပညာကိုချစ်ပြီး ဝါသနာ တအားပါသွားတာပါ။ ဦးလေး လျှောက်တဲ့လမ်း၊ ဦးလေး ဖောက်တဲ့လမ်းကို တစ်သက်လုံး လျှောက်လှမ်းသွားမှာပါ။ ကျွန်တော့်အနေနဲ့ အနု ပညာကို အရင်ကဝါသနာမပါပေမယ့် ဦးလေးကိုချစ်တဲ့ စိတ်နဲ့ တအားဝါသနာပါသွားပါပြီ။ ကျွန်တော့်ဦးလေး ကိုယ်တိုင်ကိုယ်က သဘင်အနုပညာကို သူ့အသက်ထက် တန်ဖိုးထားပြီးချစ်တယ်။ အဲဒီတော့ ဦးလေးကိုယ်တိုင်က မြတ်မြတ်နိုးနိုးနဲ့ ကြိုးစားပြီးတော့ ရှေ့ ဆောင်လမ်းပြလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့က နောက် ကနေပြီးတော့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်နဲ့ ကြိုးစား ပြီးလိုက်လုပ်နေမှာပါ” လို့ သဘင်မင်းသား ဟွန်းနောင် နောင်က ဦးလေးဖြစ်သူဖိုးချစ်ရဲ့ အနုပညာအမွေကို ဆက် လက်လုပ်ဆောင်မယ့်အကြောင်းကို ပြောပြပါတယ်။

ဟွန်းနောင်နောင်က ဦးလေး ဖြစ်သူနဲ့အတူ ဇာတ်ခုံပေါ်မှာ ကပြဖြစ်ခဲ့တာ ၃နှစ်တာကာလထဲကို ရောက်ရှိလို့လာခဲ့ပြီ ဖြစ်ပြီး ဖိုးချစ်ကလည်း အသိပညာ တွေ၊ အတတ်ပညာတွေ သင်ပြပေးတယ်လို့ သိရပါတယ်။ ”လူငယ်ဆိုတာကတော့ အမှားနဲ့မကင်းဘူးပေါ့။ သားတို့ ကြိုက်တာလုပ်ပါတဲ့။ ဒါပေမဲ့ သားတို့မှားရင် သားတို့ခံလို့ ပြောတယ်။ အဲဒါ ကြောင့် မမှားအောင်နေ၊ လမ်းမှားမရောက်အောင်သွား ပေါ့။ ပရိသတ်နဲ့ကျေးဇူးရှင်မိသားစုတွေအပေါ်မှာ မစော် ကားမိစေနဲ့။ မရိုးသားတဲ့မျက်လုံးနဲ့ ဘယ်တော့မှ မကြည့် စေနဲ့လို့ ဆုံးမတယ်။ မင်းတို့ဇာတ်စင်ပေ ရောက်ပြီဆိုတာနဲ့ ဇာတ်စင်အောက်မှာရှိတဲ့မိသားစုတွေကို ဘယ်တော့မှ မရိုး သားတဲ့မျက်လုံးတွေနဲ့ မကြည့်မိစေနဲ့။ ကိုယ့်မိသားစုအရင်း လို သဘောထားလို့ပြောတယ်။ကိုယ်တတ်တဲ့ပညာ၊ ကိုယ် သိတဲ့ပညာနဲ့ အစွမ်းကုန်ဖျော်ဖြေပါလို့ ဦးလေးက မှာပါ တယ်။ ကျွန်တော်တို့က ဦးလေးနားမှာနေပြီးတော့ ဦးလေး ရဲ့အယူအဆတွေ၊ ဦးလေးရဲ့အတွေးအခေါ်တွေ၊ ဦးလေးရဲ့ စီမံခန့် ခွဲမှုအောက်မှာ နေနေတာဆိုတော့ ကျွန်တော်တို့ အနေနဲ့ တော်တော်များများကို အမှားလုပ်ဖို့ရာ နည်းပါ တယ်” လို့ ဦးလေးဖြစ်သူဖိုးချစ်က သဘင်ပညာနဲ့ပတ်သက်ပြီး တော့ သင်ပြပေးမှုအပိုင်းကို ဟွန်းနောင်နောင်က ပြောပြ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here