သီချင်း အဟောင်းတွေရော သီချင်းအသစ်တွေပါ ပါဝင်မယ့် စစ်သွေး ရဲ့ တစ်ကိုယ်တော် အခွေ

0
240

အဆိုတော်စစ်သွေးက အခု လတ်တလောမှာတော့ ချစ်တာကိုး…ဟ ဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိထားပါ တယ်။ ဒီအခွေမှာတော့ သီချင်းအားလုံး ၁၇ ပုဒ်ပါဝင်ပြီး Feature တွေအနေနဲ့လည်း ၁၅ ယောက် ပါဝင်သီဆို ထားကြပါတယ်။ စစ်သွေးအနေနဲ့ ဒီအခွေကို စီစဉ်နေတာကတော့ ၆ နှစ်ပတ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီး ဒီအခွေက သူ့ရဲ့ဒုတိယမြောက်တစ်ကိုယ်တော်အခွေလည်းဖြစ်ပါတယ်။ ဒီအခွေမှာတော့ သီချင်းပုံစံမျိုးစုံပါဝင်မှာဖြစ်ပြီး အချစ် သီချင်းတွေများတယ်လို့ သိရပါတယ်။ အဆိုတော်ကြီးတွေရဲ့ သီချင်းဟောင်းတွေကိုလည်းပြန်လည်သီဆိုထားပါသေးတယ်။ ”ကျွန်တော်က အခွေတစ်ခွေထွက်ပြီဆိုရင်လည်း စီဒီရော ဒီဗီဒီရော တန်းပြီးတော့ထွက်တာပါ။ ပရိသတ်တွေက စီဒီထွက်ပြီဆိုရင် အရုပ်ပါကြည့်ချင်ကြ တာလေ။ ဒါကြောင့် အရုပ်ရော၊ အသံပါ ကြည့်လို့ရအောင် တန်းထွက်လိုက် တာပါ။ ပြီးတော့အခွေမှာသီချင်းအသစ်တွေကြီးပဲဆိုရင် စိတ်ဝင်စားမှုက နည်း တယ်။ သီချင်းအဟောင်းလေးလည်းပါပြီး ဟာ…ဒီသီချင်းတွေ ကြားဖူးနေ တာပဲဆိုပြီး နားထောင်ဖြစ်မယ်ပေါ့။ အဲဒီလိုစိတ်ကူးလေးနဲ့ အဟောင်းရော၊ အသစ်ရောမျှပြီးတော့မှ ထည့်ဖြစ်တာပါ” လို့ အခွေနဲ့ပတ်သက်လို့ စစ်သွေးကပြောပါတယ်။ စစ်သွေးကဒီအခွေကိုတော့ သိန်း၎ဝဝကျော် နီးပါးခန့် အကုန်ခံကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး သူ့အတွက်ပြန်ရ ခြင်းမရခြင်းကိုတော့ မတွေးပါဘူးလို့ပြောပါတယ်။

”အခွေတစ်ခွေ လုပ်မယ်ဆို ရင်လည်း ပိုက်ဆံလေး ၄သိန်း၊ ၅သိန်း လောက်နဲ့ လုပ်လို့မရပါဘူး။ ဒီအခွေဆိုရင်လည်း ကျွန်တော့်အနေနဲ့ ကြွားပြီးပြောတာမဟုတ်ပါဘူး။ ရင်းထားရ တဲ့အရင်းအနှီးက သိန်း ၄ဝဝ ဝန်းကျင်လောက်ရှိပါတယ်။ ဒါ တောင်မှအခွေထွက်မယ့်စရိတ်တွေ၊ ကြေငြာရမယ့်စရိတ်တွေ မပါသေးပါဘူး။ ပြီးတော့ကိုယ့်ရဲ့သူငယ်ချင်းတွေအားလုံးက မေတ္တာနဲ့ကူညီ သီဆိုပေးကြတဲ့အခွေလေးပါ။ ဒီအခွေနဲ့ ပတ်သက်ပြီးတော့ အရင်းပြန်ရဖို့တော့မရှိပါဘူး။ အခွေလေး ကိုကြည့်ဖြစ်အောင်ကြည့်ပေးပါ။ ခိုးကူးခွေ ကြည့်တာပဲဖြစ် ဖြစ်၊ Orginal အခွေကြည့်တာပဲဖြစ်ဖြစ် ကြည့်တဲ့ လူတိုင်းက ဇာတ်ကားတစ်ကား ကြည့်ရသလို ဇာတ်ရှိန်တက်ပြီးတော့ ကြည့်ရမှာပါ။ အားလုံးလည်းနှစ်သက်ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ စစ်သွေးကပြောပါတယ်။ စစ်သွေးက နယ် ဖျော်ဖြေပွဲတွေ သွားတဲ့အခါမှာလည်း ပရိသတ်တွေကိုအခွေ လက်ဆောင်တွေ ပေးသွားမှာဖြစ်ပြီး သူ့အခွေကို ပရိသတ်တွေ အနေနဲ့ နားထောင်စေချင်တာရယ်ကြောင့်ပါလို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here