ညီမချစ်သူက ညီမရဲ့ Fan ထဲကပါလို့ ဆိုလိုက်တဲ့ Myanmar Idol Season -2 က ယွန်း

0
279

Myanmar Idol Season -2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရင်း ပရိသတ်အားပေးမှုရရလာခဲ့တဲ့ အဆိုတော်ယွန်းဟာ သူ့ရဲ့တစ်ကိုယ် တော် တေးစီးရီးကို ၂ဝ၁၈ ခုနှစ်မှာ ထွက် ဖြစ်မယ်လို့သိရပါတယ်။ Myanmar Idol Season 2 မှ Winner ရရှိခဲ့တဲ့ သားငယ်ဟာ ဆိုရင်လည်း ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ‘လမ်းကလေး’ဆိုတဲ့တေး စီးရီးခွေလေးထွက်ရှိခဲ့တာဖြစ်ပြီး အခုယွန်းကလည်း ဒီ ၂ဝ၁၈ ခုနှစ်မှာ သူ့ရဲ့ အခွေလေးထွက်ရှိမယ့် အကြောင်းကို…

”ညီမသီချင်းတွေ စုနေတယ်။ ကိုသားငယ်ကလည်း သူ့ရဲ့ အခွေ လေးထွက်ပြီးပြီ။ Myanmar Idol ကအကုန်လုံးလည်း တစ်ကိုယ်တော် အခွေလေးထွက်ဖို့ လုပ်တဲ့သူကလုပ်၊ ထွက်တဲ့သူကထွက်ဆိုတော့ ညီမ လည်း ညီမရဲ့တစ်ကိုယ်တော်အခွေ လေး ထွက်ဖြစ်မှာပါ”လို့ ယွန်းက ပြောပါတယ်။

တောင်ကြီးသူလေးဖြစ်တဲ့ ယွန်းဟာ အဆိုပိုင်းကိုပဲ စိတ်ဝင် စားပြီးသရုပ်ဆောင်ပိုင်းကို ကမ်း လှမ်းလာရင်လည်း ဝါသနာ မပါ တဲ့အတွက်လက်ခံဖြစ် မှာ မဟုတ် ဘူးဆိုတဲ့ ယွန်းက ”ညီမအဆိုပိုင်းပဲ ဝါသနာပါတယ်။ သီချင်းဆိုရမယ် ဆိုရင်တော့ ဘယ်နေရာသွားဆိုရ မ လဲ။ ရအောင်သွားဆိုမယ်။ ကိုယ် ကသီချင်းဆိုနေရရင်ကို ပျော်နေ တာ။ သရုပ်ဆောင်ပိုင်းကျတော့ သီချင်းဆိုတာထက် နည်းနည်းခက်ခဲ မယ်ထင်တယ်။ ဝါသနာလည်းမပါ ဘူး။ ကိုယ့်ကိုအားပေးတဲ့ပရိသတ် တွေကလည်း ဘယ်အပိုင်းပဲလုပ်လုပ် အားပေးမှာပါ။ညီမကတော့အဆို ပိုင်းကိုပဲထိထိရောက်ရောက်လေး လုပ်သွားချင်ပါတယ်”လို့ပြောပါတယ်။

လက်ရှိမှာတော့ ယွန်းက ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဟိန်းထက်ဆိုတဲ့ အကောင့်နဲ့ Relationship ချိတ်ခဲ့ တာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ် သက်ပြီးတော့ ချစ်သူရှိနေပြီလား။ ဒါမှမဟုတ် နောက်ပြောင်တာလားလို့ မေးကြည့်တဲ့အခါမှာတော့ ယွန်းက

”နောက်ပြောင်တာမဟုတ် ပါဘူး။ ညီမဖေ့စ်ဘုတ်ခ်မှာ Relation-ship ချိတ်လိုက်တာက တစ်ကယ်ပါ။ညီမမှာ ချစ်သူရှိနေပါ ပြီ။ အသက်ကတော့ ညီမနဲ့ ရွယ်တူပါ ပဲ။ ညီမချစ်သူက ညီ မရဲ့ fan ထဲကပါ(ရယ်လျက်)”လို့ ပြောပါ တယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here