လူငယ်တွေကြားက သံစဉ်တေးသွားသီချင်းများ

0
262

ဒီတစ်ပတ်မှာတော့ ကားမှတ်တိုင်တွေမှာဖြစ်ဖြစ် ကားပေါ်မှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်းဖြစ်ဖြစ် နားကြပ်ကိုယ်စီနားမှာတပ်ပြီးစည်းချက်နဲ့အညီ မျောပါနေတတ်တဲ့လူငယ်တွေကြားမှာ နားထောင်နေတဲ့သီချင်းအမျိုးအစားတွေကို မေးမြန်းပြီး ‘လူငယ်တွေကြားက သံစဉ်တေးသွားသီချင်းများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စုစည်းဖော်ပြလိုက်ပါတယ်။

စည်သူ

အခုလက်ရှိမှာဆိုရင်လည်း ဖြိုး ပြည့်စုံရဲ့ လရိပ်ဆိုတဲ့သီချင်းကိုနား ထောင်ဖြစ်တယ်။ ကိုယ့်ရဲ့ခံစားချက် တွေနဲ့ တိုက်ဆိုင်တဲ့အတွက် အများ ဆုံးနားထောင်ဖြစ်တယ်။ ပြီးတော့ ဇော် ပိုင်နဲ့ ဖြိုးပြည့်စုံရဲ့သီချင်းတွေကို အကြိုက်ဆုံးပဲ။ တခြားပြည်တွင်း ပြည်ပကအဆိုတွေရဲ့သီချင်းတော် တော်များများကိုလည်း နားထောင် ဖြစ်ပါတယ်။

သက်ဝေမွန်

အခုလက်ရှိမှာတော့ဖြိုးပြည့်စုံ ရဲ့လရိပ်ဆိုတဲ့သီချင်းနဲ့ ဝေလရဲ့အနီး ဆုံးရန်သူဆိုတဲ့သီချင်းကို အများဆုံး နား ထောင်ဖြစ်တယ်။ ပြည်တွင်းကအဆိုတော်တွေထဲမှာဆိုရင်လည်းဖြိုးပြည့်စုံနဲ့ဝေလကိုအကြိုက်ဆုံးပါပဲ။ တစ်ခါတလေတော့လည်း ကိုယ့်ရဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းတွေကို နားထောင်ရတာ သဘောကျတယ်။ သီချင်းတွေနားထောင်ပြီး အနားယူရ တာကိုကြိုက်တယ်။ ပြည်ပက အဆို တော်တွေရဲ့ Love On The Brain ဆိုတဲ့ Rihanna ရဲ့ သီချင်းကိုတော့ အကြိုက်ဆုံးပါပဲ။

စန္ဒီသန်းထွန်း

လောလောဆယ်မှာတော့ ဖြိုး ပြည့်စုံရဲ့သီချင်းတွေကိုနားထောင် ဖြစ်နေတယ်။ သူ့သီချင်းတွေကိုအ ကုန်လုံးနီးပါးကြိုက်တယ်။ အဲ့ဒီထဲကမှ Jewel နဲ့အတူဆိုထားတဲ့တို့ သတိရ နေမှာပါဆိုတဲ့သီချင်းလေးကို ပိုနား ထောင်ဖြစ်တယ်။ ကိုယ်က R&B သီချင်း အမျိုးအစားလေးတွေကိုသဘောကျ တယ်။ တခြားပြည်ပကနာမည်ကြီးအဆိုတော်တွေရဲ့သီချင်းတွေဆိုလည်း နားထောင်ဖြစ်တယ်။

ခိုင်သဇင်ဦး

သီချင်းတွေကိုတော့ကိုယ့်ရဲ့ ခံ စားချက်နဲ့ တိုက်ဆိုင်တဲ့သီချင်းတွေ ရွေးပြီးနားထောင်တယ်။ တချို့ သီ ချင်းတွေကျတော့ နားထောင်လိုက်တာ နဲ့ ကိုယ့်ကိုပျော်ရွှင်မှုပေးတယ်လေ ပြည်တွင်းက အဆိုတော်တွေကို အကုန်လုံးကြိုက်တယ်။ ရွှေထူးတို့ ရဲရင့်အောင်တို့ဆိုလည်း သီချင်းအ သစ်တွေထွက်တိုင်း နားထောင်ဖြစ် တယ်။ ပြီးတော့ပြည်ပကအဆိုတော် တွေထဲမှာဆိုရင် One Direction အဖွဲ့ကိုကြိုက်တယ်။ အရင်ကသူတို့ အဖွဲ့ဆိုထားတဲ့ One Thing ဆိုတဲ့ သီချင်းကို တအားကြိုက်တယ်။

ကျော့ကေကို

လတ်တလောမှာတော့ ရဲရင့် အောင်ရဲ့ အပြုံးဆိုတဲ့သီချင်းလေးကို နားထောင်ဖြစ်နေပါတယ်။ သီချင်း တွေကိုတော့ ကိုယ်အလုပ်တွေအားတဲ့ အခါမျိုးတွေမှာ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ နားထောင်ဖြစ်တယ်။ အဆိုတော်တွေ ဆိုရင်ရဲရင့်အောင်၊G Fatt ၊ ရွှေထူး သူတို့အားလုံးကိုအား ပေးပါတယ်။ ပြီးတော့ ပြည်ပအဆို တော်တွေရဲ့သီချင်းတွေဆိုလည်း နား ထောင်ဖြစ်တယ်။ လက်ရှိမှာတော Skylar Grey & JUStand by me ဆိုတဲ့ သီချင်းလေးကိုနားထောင်ဖြစ်တယ်။

ခင်မြတ်နွယ်

အခုတစ်လောနားထောင်ဖြစ်တဲ့ သီချင်းတွေကတော့ အစုံပါပဲ။ ပြည် တွင်းကသီချင်းတွေရော၊ ပြည်ပကသီ ချင်းတွေရောအစုံပါပဲ။ အကြိုက်ဆုံး သီချင်းကတော့ ရွှေထူးရဲ့ ‘တံခါးဖွင့် ထားပါတယ်’ဆိုတဲ့ သီချင်းကိုကြိုက် ပါတယ်။ ပြည်ပအဆိုတော်တွေထဲမှာ ဆိုရငTaylor swift ကို ကြိုက်ပါတယ်။ သူဆိုထားတဲ့Taylor swift ဆို တဲ့သီချင်းကိုလည်း နားထောင်ဖြစ်တယ်။

ကေဇင်မိုး

သီချင်းတွေကတော့အချိန်တိုင်း လိုလိုနားထောင်ဖြစ်တယ်။ လိုင်းသုံး နေရင်လည်း နားထောင်တယ်။ ကိုယ် အားတဲ့အချိန်တွေဆိုလည်း နား ထောင်ဖြစ်တယ်။ အိမ့်ချစ်ရဲ့သီချင်း တွေကတော့အများဆုံးပေါ့။ ကိုယ့်ရဲ့ ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းတွေ ကိုတော့ အများဆုံးနားထောင်ဖြစ် တယ်။ ပြီးတော့ပြည်ပက အဆိုတော် တွေထဲမှာဆိုရင်Taylor Swift ကို ကြိုက်တယ်။ သူ့သီချင်းတွေအကုန် လုံးနီးပါးလဲ နားထောင်ဖြစ်တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here