ကိုယ် မြတ်နိုးတန်ဖိုးထားရတဲ့ အကယ်ဒမီရွှေကြယ်ကို လှူဒါန်းရလို့ ပိုပြီး ပီတိဖြစ်ရတယ် ခန့်စည်သူ

0
160

သရုပ်ဆောင်ခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ထီး တော်အသစ်မှာတင်လှူပူဇော်ဖို့ ကျေးဇူးရှင် မိဘနှစ်ပါးနှင့် ခင်ပွန်းကြီးဆယ်ပါးကိုဦးထိပ် ထားပြီး မိခင်ဖြစ်သူရဲ့လက်ကောက်၊ နားကပ် တစ်ရန်နှင့် အကယ်ဒမီရုပ်တုမှ ရွှေကြယ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လှူဒါန်းခဲ့ပါ တယ်။ အကယ်ဒမီရွှေကြယ်ကို ဗိုလ်တထောင် စေတီတော်အတွက်လှူဒါန်းခဲ့ပုံကိုတော့ ခန့်စည်သူက…

”ရွှေတိဂုံရယ်၊ ဗိုလ်တစ်ထောင်ရယ်၊ ဆူးလေရယ် ဘုရားထီးတော်မှာ ဘယ်ဘုရားပဲ ဖြစ်ဖြစ်လှူဖို့ စီစဉ်ထားပြီးသား။ အရင်ဆုံး အရေးပေါ်က ဗိုလ်တထောင်ဘုရား ဖြစ်သွား တာပေါ့။ အစဉ်လိုက်ဆိုရင် ဆူးလေထီးတော်ကို အရင်တင်ဖို့ ရှိတာ။ ဒါပေမဲ့ ရုတ်တရက်ကြီး ဗိုလ်တထောင်ဘုရားရဲ့ထီးတင်တဲ့ ရက် စော သွားတယ်။ ဆူးလေ ကျတော့ မတ်လမှဖြစ် သွားတယ်။ အဲဒါကြောင့် အရင်ဆုံးတင်တဲ့ ဘုရားထီးမှာပဲ လှူဖြစ်သွား တာပါ။ အကယ်ဒမီ ရွှေကြယ်ကို လှူဖို့ နဂိုကတည်းက ရည်စူးထား တာပါ။ အမေကလည်း လိုက်လာရင်းနဲ့ သဒ္ဓါ ပေါက်ပြီးတော့လက်ကောက်တစ်ကွင်း၊ နား ကပ်တစ်ရန်လှူပါတယ်” လို့ ပြောပါတယ်။ ကိုယ်တန်ဖိုးထားရတဲ့ အကယ်ဒမီရွှေကြယ် ကို လှူဒါန်းရတဲ့အတွက်လည်း…

”တချို့ပစ္စည်းတွေဆိုရင် ဝယ်လှူ တာတို့ စုဆောင်းပြီး လှူတာတို့ ရှိတာပေါ့။ ဒီဟာကဝယ်တာလည်းမဟုတ်ဘူး။ စု ဆောင်း တာလည်းမဟုတ်ဘူး။ ကိုယ့်လုပ်အား နဲ့ရခဲ့တဲ့ သမ္မာအာဇီဝစစ်စစ်နဲ့ ရခဲ့တဲ့ အကယ် ဒမီရွှေကြယ်ဆိုတော့ ပိုပြီးတော့စိတ်ထဲမှာတန် ဖိုးထားတယ်။ မြတ်နိုးတယ်။ ပိုပြီးတော့ ပီတိပွားရတယ်” လို့ ခန့်စည်သူကပြော ပါတယ်။
ခန့်စည်သူက ထွန်းအိန္ဒြာ ဗို၊ ခိုင်သင်းကြည်တို့နဲ့ ပူးပေါင်းပြီး ခ သုံးလုံး ရုပ်ရှင် ထုတ်လုပ်ရေးကို တည်ထောင် လိုက်ပါတယ်။ ဒီထုတ်လုပ် ရေးက ပထမဦးဆုံး အနေနဲ့ တရုတ်မလေးကို ချစ်တယ် (ဝေါ် အိုက်နီ) ရုပ်ရှင်ဇာတ် ကားကိုစတင် ရိုက်ကူးခဲ့ပါ တယ်။ အနုပညာညီအစ် ကိုမောင်နှမတွေအတူ ထုတ်လုပ်ရေး လုပ်ဖြစ်ခဲ့ ပုံကိုတော့ ထွန်းအိန္ဒြာဗို က…

 

”ထုတ်လုပ်ရေး လုပ်ဖြစ်တာကတော့ ဒီလိုပါ။ အဓိကကတော့ ထုတ်လုပ်ရေးမလုပ် ဖြစ်လည်းသူများ လာ ငှားလည်း ရိုက်ကူးဖြစ်နေ ပါတယ်။ ထုတ်လုပ်ရေး လုပ်တဲ့အခါကျတော့ ရုပ်ရှင်လောကအတွက် ထမင်းအိုး တစ်အိုးတိုးတာပေါ့။ လောကသား တွေအတွက် တစ်ဖက်တစ်လမ်းက ဝန်းရံ ပေးတဲ့သဘော။ ပံ့ပိုးပေးတဲ့သဘောအနေနဲ့ လုပ်တာပါ။ ကျန်တာတော့မရှိပါဘူး။ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) ဆိုလည်း သူ့အနေ ထားနဲ့ သူနေလို့ရတယ်။ မခိုင်လေးဆိုလည်း လက်မ လည်အောင်ရိုက်နေရတယ်။ ကိုယ်တို့ လည်း ကိုယ်တို့အနေအထားနဲ့ ရိုက်နေရတယ်။ သူ များငှားမှ ရိုက်တာရှိသလို ကိုယ်တိုင်ကလည်း ပြန်အားထုတ်ပေးတဲ့သဘောပေါ့။ လောက သားတွေအတွက်ထမင်းအိုးတစ်အိုးထပ် တည် ပေးတဲ့ သဘောပါ” လို့ ပြောပါ တယ်။ ပရိသတ် တွေ အ တွက် ရုပ်ရှင်ဇာတ် ကားတွေကို တစ်ကား နဲ့ တစ်ကား ပုံစံမတူ အောင် ရိုက်ကူး သွားမှာဖြစ် တယ် လို့သူကပြောပါ တယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here