သားဖြစ်သူကို အိမ်ထောင်ပြုဖို့ မပြောတော့ဘူးဆိုတဲ့ ဖိုးချစ်ရဲ့ဖခင် ဦးစိန်ဝင်းသောင်း

0
228

မြို့ရွှေမန်းသားဖိုးချစ်ရဲ့ ဖခင် ဦးစိန်ဝင်းသောင်းက ဆိုင်းပညာရှင်ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ ဦးစိန်ဝင်းသောင်းက သဘင်မင်းသားတစ်ဦးဖြစ်ချင်ခဲ့ ပေမယ့်လည်း ဆိုင်းပညာရှင်ကြီးတစ်ဦးဖြစ်ခဲ့ပြီး သားဖြစ်သူ ဖိုးချစ်အလှည့် မှာတော့ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်ဖြစ်လာတဲ့အတွက် ပီတိဖြစ်မိတယ်လို့ ပြောပါတယ်။ သားဖြစ်သူဖိုးချစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ခဲ့တဲ့အတွက်လည်း သားအတွက် အမြဲဂုဏ်ယူခဲ့ရပါတယ်လို့ ဦးစိန်ဝင်းသောင်းကပြောပါတယ်။ သားဖြစ်သူ ဖိုးချစ်က အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ဖခင် တစ်ယောက်အနေနဲ့ရော သားကိုအိမ်ထောင်ပြုစေချင်ပြီလားလို့မေးတော့-

”ဖေဖေ့ကိုသံယောဇဉ်ထားတော့လည်းထားပေါ့လို့။ မင်း အိမ်ထောင်ပြု ရမယ့် အရွယ်ရောက်ပြီ။ ဖေဖေက မင်းကိုအိမ်ထောင်ပြုစေချင်တယ်။ ဖေဖေကလည်း ဘာဖြစ်လို့လဲလို့ သူက မေးတယ်။ ဖေဖေ့ကို လုပ်ကျွေးလို့မဝ သေးဘူးတဲ့။ အဲဒီလိုဆိုတော့လည်း ကျွန်တော်က ဇွတ်ပေးစားလို့ကမရဘူး။ သူကလည်း အိမ်ထောင်ပြုဖို့ကို စိတ်မကူးတာ။ သားက ဖေဖေနဲ့ သင်္ကန်းပဲ ဝတ်ချင်တာတဲ့။ အိမ်ထောင်ပြုချင်စိတ် မရှိဘူးတဲ့။ ဖေဖေဇွတ်ပေးစားရင် သင်္ကန်းဝတ်မှာချည်းပဲလုပ်နေလို့ ကျွန်တော်တော့မပြောတော့ပါဘူး” လို့ သူ့ရဲ့ ဆန္ဒကို ဦးစိန်ဝင်းသောင်းက ပြောပြပါတယ်။ ကန့်ဘလူမြို့ကနေ မြန်မာ တစ်နိုင်ငံလုံးရဲ့ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဖြစ်သွားတဲ့ သားအတွက် အလွန်ပဲဂုဏ်ယူဝမ်းမြောက်ခဲ့ရပြီး ဒါကလည်းသားရဲ့မေတ္တာ၊ စေတနာတွေကို သိကြတာကြောင့် ထင်မိကြောင်း သူကဆက်လက်ပြောပြပါတယ်။

”သူက အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားဘူး။ ရတဲ့ ပိုက်ဆံကို သူက လှူချင်တာပဲ” လို့ သားဖြစ်သူနဲ့ပတ်သက်လို့ ဦးစိန်ဝင်းသောင်း က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here