ရုပ်ရှင်ကရတဲ့ ငွေကြေးတွေနဲ့ ရုပ်ရှင်ကိုပဲ အားကောင်းအောင် တည်ဆောက်ချင်တယ် နေတိုး

0
211

အခုနောက်ပိုင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ အရည်အသွေးပိုမို ကောင်းမွန်လာဖို့အတွက် workshop တွေ၊ preproduction တွေကို တချို့ထုတ်လုပ်ရေးများနဲ့ အနုပညာသမားများက လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ ကိုယ်တိုင်လည်း ရုပ်ရှင်စတူဒီယိုတစ်ခုတည်ဆောက်နေပြီး ရုပ်ရှင်ဇာတ်ကားတွေဖန်တီးရိုက်ကူးမှုကို အချိန်ယူပြင်ဆင်မှု တွေ လုပ်လာကြတဲ့အပေါ်နေတိုးက…

”တကယ်ကို ရုပ်ရှင်ရိုက်ကူးရတဲ့ ပုံစံဖြစ်သွားမယ်။ အမှန်က အခုရိုက်နေတာက ရုပ်ရှင်ရိုက်ကူးသလိုမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ ပုံမှန်ဗီဒီယိုရိုက်ကူးရတာရှိတယ်။ ရုပ်ရှင်ရိုက်ကူးခဲ့ရတာရှိတယ်။ ကျွန်တော်တို့ကဖလင်နဲ့ ၁ဝကားကျော်ကျော်လောက် ရိုက်ကူးခဲ့ရတော့ ဖလင်နဲ့ ရိုက်ကူးတဲ့အခါမှာ preproduction ဆိုတာလုပ်ရတယ်။ မလုပ်လို့မရဘူး။ ရုပ်ရှင်က digital cinema ဘက်ကို ပြောင်းသွားလို့သာ pre တွေသိပ်မလုပ် ကြတော့တာ။ အကျင့်ဖြစ်သွားကြတယ်။ ကျွန်တော့်အနေနဲ့ကတော့ အခုအချိန်ထိ ရုပ်ရှင်ကို ရုပ်ရှင်ဆန်ဆန်ပဲ ရိုက်ကူးနေတုန်းပဲ။ ရုပ်ရှင်ရိုက် ကူးမှု နည်းပညာနဲ့ ပတ်သက်ပြီး တော့လည်း ကျွန်တော့်အနေနဲ့ ဝါသနာပါတယ်။ အဲဒါ ကြောင့်လည်း post house တစ်ခုကို တည်ဆောက်ပြီးတော့မှ ရုပ်ရှင်ကို ပံ့ပိုးနိုင် အောင် ကြိုးစားတယ်။ ရုပ်ရှင်ကရတဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်ကိုပဲ အားကောင်းအောင်တည်ဆောက်ချင်တယ်။ အဓိကတော့ ဖြတ်သန်းလာ တဲ့ အနုပညာဘဝခရီးတလျှောက်လုံးမှာ preproduction ဆိုတာကို နောက်ပိုင်းရုပ်ရှင် digital ခေတ်အလယ်လောက်မှာ သိပ်မလုပ်ကြ တာတွေ့ရတယ်။ တချို့ဒါရိုက်တာတွေ လည်း လုပ်တယ်။ ဒါပေမဲ့ မလုပ်တဲ့ ဒါရိုက်တာတွေလည်း ရှိတယ်။ အကုန်လုံးကိုတော့ ရုပ်ရှင်မရိုက်ခင် workshop ဒါမှမဟုတ် preproduction ၅ ရက်လောက်လုပ်စေချင်တယ်။ ၅ရက်လောက်လုပ်လို့ရတဲ့ အခွင့်အရေးမျိုးလဲ အဓိကတော့ရက် အခက်အခဲ ရှားပါးတာ ကြောင့်လဲဆိုင်မှာပေါ့။ အဲဒီလိုမျိုး လုပ်ခွင့်ရတဲ့ ဝင်ငွေ ပြန်ရလာ ဖို့ အတွက် တစ်ခုခုကို စွန့်ရမှာ ပေါ့။ လက်ရှိအခြေအနေတစ်ခုကို ပြောင်းလဲချင်ရင်တော့ပြောင်းလဲဖို့အတွက်ကို အချိန် သော်လည်းကောင်း၊ ငွေကြေးအားဖြင့်သော် လည်းကောင်း၊ ပိုက်ဆံရှုံးချင်ရှုံးပါစေဆိုပြီး ရိုက်ကူးချင်တဲ့ ထုတ်လုပ်ရေး သော် လည်းကောင်း၊ အနုပညာကို ချစ်တဲ့စိတ်နဲ့ ပြင်းပြင်းထန်ထန်နဲ့ အချိုးအကွေ့တစ်ခုကို ဖြစ်စေအောင်လုပ် ပြသွားနိုင်မယ့် ထုတ်လုပ်ရေးတွေပေါ်လာတယ်ဆိုရင် ရုပ်ရှင်က သိသိသာသာ ပြောင်းလဲသွားမယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။ နေတိုး ရဲ့ရုပ်ရှင်စတူဒီယိုကိုတော့ ဧပြီလထဲမှာဖွင့် လှစ်သွားဖို့ ကြိုး စားနေတယ်လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here