သင်္ကြန်မိုး အဖွဲ့သားများနဲ့ ရိုက်ကူးခဲ့တဲ့ ဆေးရုံကြော်ငြာရိုက်ကွင်း

0
246

ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့  ပြည်လမ်းမှာရှိတဲ့  ကန်သာယာ အထူးကုဆေးရုံကြီး အတွက် ကြော်ငြာကို သင်္ကြန်မိုးအဖွဲ့သားများဖြစ်ကြတဲ့ နေအောင်၊ ဇင်ဝိုင်း၊ ခင်သန်းနု၊ မေသန်းနုတို့နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီကြော်ငြာရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဒါရိုက်တာစင်ရော်မောင်မောင်က…

“ကန်သာယာ အင်တာနေရှင်နယ် ဆေးရုံကြီးအတွက်ရိုက်တာ။ နှလုံးစတန့်တွေထည့်တယ်။ ကျောက်ကပ်တွေဆေးတယ်။ တခြား General ကိစ္စတွေလည်းအများကြီး လုပ်တယ်ပေါ့။ ဒါပေမဲ့ထူးဆန်းတာက ဒီနေ့ရိုက်တဲ့ ကြော်ငြာက  သင်္ကြန်မိုးအုပ်စုပေါ့။ သင်္ကြန်မိုးဆိုတော့ ကိုနေအောင်၊ ဒေါ်ခင်သန်းနု၊ ကိုဇင်ဝိုင်း၊ မေသန်းနုတို့နဲ့ ရိုက်တာပေါ့။ ကျွန်တော့်ဆရာ ဦးတင်ဦးရိုက်ခဲ့တဲ့အဖွဲ့ပေါ့။ ကျွန်တော်လည်း အဲဒီတုန်းက ပရိုတက်ရှင်း တာဝန်ခံပဲလေ သင်္ကြန်မိုးမှာ။ ဒီဟာက သင်္ကြန်နဲ့လည်း နီးနေတယ်။ ပြီးတော့ ဒီအုပ်စုနဲ့ ဒီကဏ္ဍနဲ့ကလည်း လိုက်တယ်လေ။ အဲဒီအတွက် ရိုက်တယ်။ သူတို့ အတွက် သင်္ကြန်အမှတ်တရလို့တောင် ခေါ်လို့ရပါတယ်။ ကန်သာယာနဲ့တွေ့တဲ့အခါကျတော့ ကိုငြိမ်းမောင်လည်း နေကောင်းသွားတာပေါ့” လို့ အမှတ်တရ ဖြစ်စေမယ့်အကြောင်းအရာများကိုပြောပြခဲ့ပါတယ်။

  ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here