နေခြည်ဦး ပထမဦးဆုံးဇာတ်ကားမှာ ဘယ်လိုမြင်တွေ့ရမလဲ

0
141

 

Beauty Blogger နေခြည်ဦး က အလှအပပိုင်းတင်ဆက်မှုတွေ ပြုလုပ်ရင်း၊ ကုန်ပစ္စည်းကြော်ငြာများ ရိုက်ကူးရင်း အနုပညာလောကထဲကိုပါ ရောက်ရှိလာပြီဖြစ်ပါတယ်။ အခုဆိုရင်လည်း နေခြည်ဦးက ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မှာရိုက်ကူးနေပါပြီ။ ‘ရန်သူ’လို့အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာတော့ နေခြည်ဦးက ဝတ်မှုံရွှေရည်၊ နေမင်းတို့နဲ့အတူ သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ မီးပွားက ရိုက်ကူးမယ်လို့သိရ ပါတယ်။ ပထမဆုံးဇာတ်ကား အတွေ့အကြုံအတွက် နေခြည်ဦး ရဲ့ ပြင်ဆင်မှုတွေက…

“မိန်းကလေးနှစ်ယောက်ရဲ့ယောက်ျားလေးတစ်ယောက်အပေါ်ထားတဲ့ အချစ်စိတ်နဲ့ အပြိုင်အဆိုင်လေး သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားကိုတော့ ပြင်ဦးလွင်မှာ သွားရိုက်မယ်။ ပြင်ဦးလွင်နည်းပညာတက္ကသိုလ်က ကျောင်းသူတစ်ဦးနေရာက ပါဝင်ရမယ်လို့ထင်ပါတယ်။    ကျောင်းသူဇာတ်ဝင်ခန်းတွေအတွက်လည်း Uniform ကအစ သေသေချာချာလေးကို ပြင်ဆင်ထား ပါတယ်။ တက္ကသိုလ်တက်ရင်းဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းပုံစံလေးပါရှင့်။ ဖေဖော်ဝါရီလ ၁၅ ရက်ဆို ရင်စရိုက်ပါပြီ။ နေခြည်အတွက်လည်း စိန်ခေါ်မှုတွေပိုပိုပြီးမြင့်လာတယ်လို့ပဲ ထင်ပါ တယ်။ မတ်လထဲမှာလည်း နေခြည်ကိုဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာလေးတွေရှိပါ  တယ်။

ဒါကတော့ မသေချာသေးပါဘူး။ ရုပ်ရှင်ရိုက်ရင်လည်း ပေါ့ပျက်ပျက်လုပ်တာမျိုး မဟုတ်ဘဲ စိတ်ရောကိုယ်ပါနှစ်ပြီး သေသေချာချာလေးကြိုးစားမှာပါ။ Beauty Blogger ပဲလုပ်စေချင်တဲ့ ပရိသတ်တွေအတွက်လည်း အခုနေခြည် ဃ့ညေညနူ တွေထပ်တိုးဖို့ရှိပါတယ်။ နေခြည့်ဘက်ကလည်း ဒီBeauty Blogger အလုပ်ကို မပျက်အောင်ပါ ကြိုးစားသွားမှာပါ” လို့ပြောပြပါတယ်။ နေခြည်ဦးက သိပ်မကြာခင် ရက်ပိုင်းကပဲ Maybelline နဲ့အတူ ဂျပန်နိုင်ငံ ကိုသွားရောက်ကာ ကမ္ဘာကျော်မော်ဒယ်လ် Gigi Hadid ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဂျပန်ခရီးစဉ်မသွားရောက်ခင်မှာတော့ ဖေ့စ်ဘုတ်ခ်မှာ ပြဿနာတွေတက်ခဲ့ရတဲ့အတွက် စိတ်ညစ်ခဲ့ရပေမယ့် ရောက်ရှိသွားချိန်မှာ ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေက “ဒီခရီးစဉ် က တော်တော်လေးတန်တယ်လို့ဆိုရမှာပါ။ မသွားခင်မှာ တော်တော်လေး စိတ်ညစ်ခဲ့ ရတယ်။ ကိုယ့်ကြောင့် ဒီခရီးစဉ်လေးပျက်သွားမှာလည်း စိုးရိမ်ခဲ့ရတယ်။ Maybelline နဲ့သွားတာဖြစ်တဲ့အတွက် Gigi ရဲ့ Products လေးတွေကလည်း ပေါက်ဖို့က အရေးကြီးပါတယ်။

ဂျပန်ကိုရောက်တဲ့အချိန်မှာလည်း တကယ်ကိုတစ်ယောက် တစ်ယောက်ချင်းတွေ့ခဲ့ရတယ်။ နေခြည့်ရဲ့မွေးနေ့လေးရှိတယ်လို့ သူ့ကို ပြောတုန်း ကလည်း Gigi က Birthday Wish လုပ်ပေးတယ်။Gigiက Personalityလည်း ကောင်းတယ်၊ နောက်ပြီး သူ့ရဲ့ Team Management ကိုလည်း နေခြည်တို့တွေ့ခဲ့ရတယ်။ Celebrity တစ်ယောက်ကို မြင်ရသလိုမျိုးမဟုတ်ဘဲ အရပ်တအားရှည်ပြီး တအားချောတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်ရသလိုပဲ နေခြည်ခံစားရပါတယ်။ သူ့ရဲ့PR Skills တွေကို လည်း နေခြည်အများကြီးလေ့လာခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း Maybellineပစ္စည်း လေးတွေရောင်းမလောက်အောင် ဖြစ်သွားတယ်လို့ကြားရပါတယ်” လို့ ပြောပြပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ – သားဒွေး


LEAVE A REPLY

Please enter your comment!
Please enter your name here