အဆိုတော် ခိုင်ထူးရဲ့ ‘ဆို’ သီချင်းကိုအဆိုတော် ခိုင်ထူးရဲ့ ‘ဆို’ သီချင်းကို ပြန်လည်ဆန်းသစ်ပြီး စိုးပြည့်သဇင် သီဆိုထား

0
300

သရုပ်ဆောင် အဆိုတော် စိုးပြည့်သဇင်က သူ့အစ်မ စန္ဒီမြင့်လွင်နဲ့အတူ သီဆိုထား တဲ့ သီချင်းတစ်ပုဒ်ကို ဖေဖော်ဝါရီလ ၂၂ ရက် နေ့မှာ အွန်လိုင်းပေါ်လွှင့်တော့ မယ်လို့သိရပါတယ်။ ဒီသီချင်းလေးက ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ကြီးခိုင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ် လို့ စိုးပြည့်သဇင်က ပြောပါတယ်။

”ဦးခိုင်ထူး ဆိုထားတဲ့ ‘ဆို’ သီချင်းလေးကို ခေတ်ပုံစံမျိုးလေး စိုးပြည့်တို့ ပြန်လုပ်ထားတယ်။ မဒီးကRap လေး ဆိုထားပြီး ဗားရှင်း အသစ်လေးလုပ်ထားတာ။မဒီး သီချင်းအတိုင်းကိုပဲ မိန်းကလေးက ပြန်ဆို ရတာဆိုတော့ မောင်ဆိုတဲ့ နေရာမှာ မေလို့တော့ ပြောင်းထားတယ်။ ဒီသီချင်းလေးကို ဟိုးအရင်ကလည်း ဂျေမောင်မောင်ပဲရေးထားတွာRap ကိုတော့ မိုးထက်ရေးထားတာပါ။ ဒီသီချင်းကိုတချို့လည်း ကြားဖူး တယ်။ ဒီဘက် ၁၆၊ ၁၇ နှစ်အရွယ်တွေကတော့ ကြားဖူးချင်မှ ကြားဖူး မယ်။စိုးပြည့်ကတော့ အဲဒီသီချင်းလေးကို ခဏခဏတော့ ကြားဖူးတယ်။ အဖေတို့ကလည်း နားထောင်တယ်၊ ကြိုက်တယ်ဆိုတော့လေ။ စိုးပြည့်က ဒီသီချင်းလေးကို တအား သဘောကျတော့ ညီအစ်မ နှစ်ယောက် တိုင်ပင်ပြီးတော့ လုပ်ဖြစ် တာပေါ့နော်။သီချင်း ပုံစံလေးလည်း ဆန်းသစ်သွားအောင်ပြန်ဆို ထားပါတယ်။ သီချင်းကိုလုပ်ရတာတာဝန်တော့ နည်းနည်းကြီးတာပေါ့ နော်။ရသလည်း မပျက်ချင်ဘူး။စိုးပြည့်ပုံစံနဲ့တော့စိုးပြည့်ဆိုမယ်။ ကိုယ့်ပုံစံ အတိုင်းဆိုတယ် ဆိုပေမယ့်လည်း သီချင်းမပျက်အောင် အတတ်နိုင်ဆုံး လုပ် ထားပါတယ်” လို့ စိုးပြည့်သဇင်ကပြောပါတယ်။ဒီသီချင်းလေးက သူတို့ညီအစ်မ နှစ်ဦးအတွက်လည်း အမှတ်တရဖြစ်စေတဲ့ သီချင်းလေးဖြစတယ်လို့ စိုးပြည့်သဇင် ကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here