အနုပညာ မျိုးဆက်သစ်တွေကို အောင် မြ င် မှု ရဲ့  အ ဓိ ကေ သာ့ ချ က်ေ ပြာ ပြ တဲ့ မင်းသားကြီး နေအောင်

0
240

ဝါရင့်သရုပ်ဆောင် မင်းသားကြီး နေအောင်ကတော့ အခုလက်ရှိအနုပညာလောကမှာ နေရာတစ်နေရာရရှိဖို့အတွက် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်ကြဖို့အတွက် ကြိုးစားနေကြတဲ့ မျိုးဆက်သစ်လူငယ်လေးများကို အောင်မြင်မှုရဲ့ အဓိကသော့ချက်များ အကြောင်းကို အခုလိုအသိပေးပြောပြလာပါတယ်။

“နံပါတ်တစ်ကတော့ ဘာလူမျိုးပဲဖြစ်ဖြစ်ကိုယ့်ဘာသာကိုမမေ့နဲ့။ ဘုရားတရားကိုမ မေ့နဲ့လို့ ပြောချင်တာပေါ့နော်။ နံပါတ် ၂ က ကိုယ့်အလုပ်ပေါ်မှာ စိတ်ဝင်စားမှုရှိရမယ်။သူများတွေပြောတယ် ဝမ်းစာပြည့်ရမယ်။ ပြည့်ရမယ်နဲ့ ဒါကတော့ သိပ်အဓိကမကျဘူး။ ဝမ်းစာတော့ပြည့်ရမယ်ပေါ့လေ။ ဒါပေမယ့်လည်း ဘာသာတရားနဲ့အတူ မိမိလုပ်တဲ့အလုပ် ကိုမှ မိမိစိတ်မဝင်စားရင် ဘယ်သူကြီးပွားမလဲ။ နောက်တစ်ချက်က အလုပ်ရှင်နဲ့ အလုပ် သမား အလုပ်အတွက် ကိုယ်ကလက်မှတ်ထိုးတဲ့နေရာမှာ ဘယ်နှသိန်း ဘယ်နေရာဆိုတာကို ထိုးလိုက်ပြီဆိုတာနဲ့ ကိုယ်ကအလုပ်သမားဖြစ်သွားပြီ။ ငှားတဲ့သူကအလုပ်ရှင်။ အဲဒီတော့ အလုပ်ရှင်အပေါ် အလုပ်သမားက သစ္စာရှိရမယ်။ အဲဒီတော့ ဒီ ၃ ချက် အပိုင်မိရင်တော့ အဲဒီလူ ကြီးပွားအောင်မြင်မှာပါ”လို့ မင်းသားကြီးနေအောင်ကပြောပြပါတယ်။

အောင်မြင်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်လာဖို့အတွက် ဒီလိုနည်းလမ်းတွေနဲ့ ကြိုးစားအားထုတ်ရမှာ ဖြစ်သလို ကိုယ့်ဆီလာအပ်တဲ့အလုပ်အပေါ် တန်ရာတန်ကြေးနဲ့တန်အောင် ပြန်လည်လုပ်ကိုင်ပေးရမှာဖြစ်ကြောင်းကိုလည်းမင်းသားကြီးနေအောင်က . . .

“ခုခေတ်လူတွေက တော်ကြပါတယ်။ဒါပေမဲ့ ဇာတ်ကောင်ကာရိုက်တာကို ပိုပြီးပြီပြင် အောင်လုပ်ဖို့ရိုက်ကွင်းကို အချိန်မှန်မှန်လေးလာပေးကြဖို့။ ကျွန်တော်နဲ့မဟုတ်ပါဘူး တခြားဘယ်သူနဲ့ ရိုက်ရိုက်ပေါ့နော်။ ထုတ်လုပ်သူကလည်း ကျောက်ခဲသလဲမဟုတ်ဘူး လေ။ အခုခေတ်ကြီးထဲမှာ ပိုက်ဆံရှာရတာကလည်းမလွယ်ဘူးလေ။ တစ်ကား တည်းရိုက်မယ်ဆိုလဲ ဒီတစ်ကားအတွက်အချိန်သေချာပေးပါ။ ၇ ရက်တို့ ၈ ရက်တို့ မလုပ်ပါနဲ့။ ကျွန်တော်တို့သင်္ကြန်မိုးဇာတ်ကားရိုက်ကူးတုန်းကဆိုရင် တစ်လကျော် ကြီးပေးရတာ အဲဒီတော့ ကောင်းတာပေါ့။ ယူနတီပေါ့။ ယူနတီမရှိရင် ဝါးအစည်း ပြေရင်တော့ မရဘူးပေါ့။ ကျွန်တော်တို့တုန်းကဆိုရင် ကျပ်တစ်သောင်း ခွဲလောက်နဲ့ စရိုက်ရတာ။ အဲခုတော့ ကျပ်သိန်း၁ဝဝ လာထား၊ကျပ်သိန်း၁၅ဝ လာထား၊ ကိုယ်လည်း ကြားတာပေါ့နော်။ ရတာ မရတာတော့မသိဘူး။ အဲဒီတော့ ၁ဝ ကားရိုက် ကူးတစ်ထောင်ပဲလေ။ ဒါကိုတော့ မုဒိတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဟာနဲ့ တန်အောင်လုပ်ပေးရမယ်။ ဒါမှလည်း သူတို့ဘက်က ခဏခဏငှား မယ်လေ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here