မန္တလေးမြို့ အနီးမှာရှိတဲ့ ဒုဋ္ဌဝတီ မြစ်ကမ်းစပ်က ၇ မိုင်ကမ်းခြေ အပန်းဖြေစခန်း

0
493

မန္တလေး – ပြင်ဦးလွင် အဝေးပြေးကားလမ်း (၁၆) မိုင် စစ်ဆေး ရေးဂိတ် အနီး(ရဲရွာလမ်းရဲ့ ၇.၄ မိုင်တိုင်)မှာရှိတဲ့ ၇ မိုင်ကမ်းခြေ အပန်းဖြေစခန်းကတော့ ခုလိုဆောင်းအကုန် နွေအကူးပွင့်လင်းရာသီ မှာ လာရောက်လည်ပတ်တဲ့ ဧည့်သည်များနဲ့စည်ကားလို့နေပါပြီ။  ကြည့်လင်စိမ်းမြစီးဆင်းနေတဲ့ ဒုဋ္ဌဝတီ မြစ်ရဲ့ကမ်းစပ် တစ်ခုဖြစ်ပြီး လူငယ်များပျော်ပါးဆော့ကစားနိုင်တဲ့ Happy Work မု တစ်ခုလည်း ဖြစ်ပါတယ်။

လာရောက်လည်ပတ်ကြသူတွေအနေနဲ့ ဒုဋ္ဌဝတီမြစ်ရဲ့ ရေကြည်မှာဆော့ကစားနိုင်မယ့်အပြင် Speed Boat, Jet Ski  အပျော်စီးင်္ဘောများ စီးခြင်းနဲ့ ဒုဋ္ဌဝတီမြစ်ကို ကြိုးတစ်ချောင်းနဲ့ ငှက် တစ်ကောင်လိုပျံဝဲ ကူးဖြတ်နိုင်တဲ့ မြစ်ဖြတ် Zip Line Adventure Sport  ကိုလည်း စီးနိုင်ပြီဖြစ်ပါတယ်။ ဝန်ဆောင်မှုပိုင်းနဲ့ လုံခြုံမှုအပိုင်း ကိုလည်း အဓိကထားဆောင်ရွက်နေကြောင်းကို ၇မိုင်ကမ်းခြေ အပန်း ဖြေစခန်းရဲ့ Managing Director တစ်ဦးဖြစ်တဲ့ ဦးကျော်ထွန်း အောင်က ခုလိုပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ ၇မိုင်ကမ်းခြေ အပန်းဖြေစခန်း ရဲ့ လုံခြုံမှုအပိုင်းက တော့ ရေနက်တဲ့နေရာတွေမှာ ဘောကြိုးတွေတားထားပါတယ်။ ဘောကြိုးတားတာတောင် နှစ်ထပ်တားပေးထားပါတယ်။ အဲ့ဒီ ဘော ကြိုးဘေးမှာပဲ ကျွန်တော်တို့အသက်ကယ်လှေတွေထားရှိပါတယ်။ ကင်းလှည့်တဲ့ ရော်ဘာလှည်းတွေလည်း ချပေးထားပါတယ်။ အဲ့ဒီအပြင် CCTV  အလုံး ၂ဝဝ ကျော်လောက်တပ်ထားပါတယ်။ အဲ့ဒါကို လေးနေရာလောက်က ၂၄ နာရီမပြတ်စောင့်ကြည့်ပေးထားပါ တယ်။ အဲ့ဒါကတော့ ကြိုတင်ကာ ကွယ်ပေးတဲ့သဘောပါ။ တကယ်လို့ မတော် လို့ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့ လုပ်ပေးနိုင်မယ့် အောက်စီ ဂျင်တွေရော နောက်ပြီး Training တွေလည်းလုပ်ထားတာ ရှိပါတယ်။ ဒုဋ္ဌဝတီမြစ်ရေကလည်း ကြည်လည်း ကြည်တယ်၊ သန့်လည်း သန့်တယ်။

ရေရှင်ဖြစ်တဲ့အတွက် လည်း တော်တ်ာလေးသန့်ပါတယ်။ ဘေးကင်းစွာ နဲ့အပန်းဖြေဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်” လို့ပြောပြခဲ့ပါ တယ်။ သဘာဝအတိုင်းသာယာ လှပနေတဲ့ အဆိုပါကမ်းခြမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ညနေ့ ၅နာရီအချိန်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် စတဲ့မြို့ များမှ စာနယ်ဇင်းဆရာ/ဆရာမ များ ချစ်ခင်ရင်းနှီးစွာနဲ့ တွေ့ဆုံဟောပြောပြီး ညစာစားပွဲ တစ်ခု ပြုလုပ် ခဲ့ ကြပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here