တောမှောက် စိတ်မှောက် အလွမ်းမှောက်

0
235

ညည မြေကြီးထထစမ်းတဲ့ ‘မျောက်’လို
သူမရှိမှန်းသိသိ ထထစမ်း
‘ဟာ’သွားတဲ့စိတ်ကို
ဘာနဲ့ ပြန်ဖြည့်ရမလဲ။

‘တစ်တီတူး’လိုလည်း
အိပ်မက်ဆိုးတွေ ပြိုမှာစိုးကြောက်
အိပ်စက်ခြင်းကို ခြေကန်ထားနေမိတဲ့ အဖြစ်။

‘ကျီး’တွေ မနင်းလည်း
‘သတိရခြင်းထန်းသီး’တွေ ခဏခဏကြွေတယ်
အလွမ်းရဲ့ တော်သဲလံဟာ
ကျွန်မနားတွေထက် ထပ်ကြပ်မကွာ။

ဧသုချို


LEAVE A REPLY

Please enter your comment!
Please enter your name here