ရည်ရွယ်ထားတဲ့ သူတော့ ရှိပေမယ့် အိမ်ထောင်ပြု ဖို့တော့ လိုပါသေးတယ် သူထူးစံ

0
296

ပရိသတ်တွေကြားမှာ အခုချိန်ထိ အားပေးမှုရရှိနေတဲ့ သူထူးစံကတော့ လတ်တလောမှာ ဇာတ်ကားရိုက်ကူးမှုတွေ မရိုက်ဖြစ်သေးကြောင်း သိရပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်တိုင်ဇာတ်ကားရိုက်ကူးမှုတွေကို သေချာစိစစ်ပြီး ရိုက်ကူးဖြစ်နေတဲ့အတွက် ဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားရခြင်းဖြစ်ကြောင်း သူထူးစံကပြောပါတယ်။

“ကျွန်တော် ခုနောက်ပိုင်း ဇာတ်ကားရိုက်ကူးမှုတွေက ကျွန်တော် မကြိုက်ရင် မရိုက်ဘူး။ ဇာတ်လမ်းတွေကို ကျွန်တော်နည်းနည်း စိစစ်ပြီး ရိုက်နေတယ်၊ ကားရိုက်က ကျဲသွားတာမဟုတ်ဘူး။ လုံးဝကို မရိုက်ဖြစ်သေးတာ။

မနှစ်က ဆိုရင် ကျွန်တော်ရုပ်ရှင် ကားကြီးတစ်ကား ရိုက်တယ်။ ပြီးရင် ဗီဒီယိုကား၂ ကား ရိုက်ခဲ့တယ်။ အဲဒါပဲ ရိုက် ဖြစ်ခဲ့တယ်။ ဒီနှစ်ထဲမှာတော့ ဟိုနှစ်တွေထဲက ပြောထားတဲ့ ကားတွေတော့ ရိုက်ဖို့ရှိတယ်” လို့ပြောပါတယ်။ တစ်လောကလည်း အွန်လိုင်းပေါ်မှာ သူထူးစံတစ်ယောက် ဒီနှစ်ထဲမှာ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။အဲလို သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ်မှာတော့ သူ့ရဲ့အိမ်ထောင်ပြုမယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အခုလို မေးမြန်းဖြစ်ခဲ့ရာ..

“အိမ်ထောင်ပြုမယ်ဆိုတဲ့ သတင်းကတော့ မဟုတ်သေးပါဘူး။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို လာမေးတာ တော်တော်များတယ်။ ကျွန်တော်ပြောလိုက်ရင်သူ ကျွန်တော့်ကို လာသတ်မှာ။ ကျွန်တော် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောလိုက်ရင် မျက်နှာပျက်စရာသူတွေရှိတယ်။ ဟိုတစ်လောက ကျွန်တော့်ကိုခေနဘသသု ပေါ်က ပေါက်ကရတွေ ပြောနေလို့ အိမ်ထောင်ပြုတော့မယ်လို့ ကျွန်တော်ပြောလိုက်တာပါ၊ ပရိသတ်တွေ ထင်နေကြတဲ့သူတွေ တစ်ယောက်မှ မဟုတ်ပါဘူး။ ကျွန်တော်ရည်ရွယ်ထားတဲ့သူတော့ ရှိပါတယ်။ ဒီနှစ်ထဲမှာ ဆိုတာတော့ မသိသေးပါဘူး” လို့ သူထူးစံက ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here