ဖြေဆိုကြမယ့် ညီငယ် ညီမငယ်များအတွက် ကျန်းမာ ရေး ကို အထူး ဂရုစိုက်ပါလို့ အားပေးစကားဆိုထားတဲ့ ယွန်းယွန်း

0
202

 

ဘာလိုလိုနဲ့ ဖေဖော်ဝါရီလကိုရောက်ရှိလာလို့ ကျောင်းသား ကျောင်းသူများအတွက် အရည်အချင်းစစ် စာမေးပွဲတွေလည်း နီးကပ်လာပါပြီ။ အထူးသဖြင့် ဆယ်တန်းကျောင်းသားကျောင်းသူများအတွက်လည်း တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲက တရွေ့ရွေ့နဲ့ရောက်ရှိလာတော့မှာပါ။ ဆယ်တန်းစာမေးပွဲက နတ်ကြီးတယ်လို့ဆိုကြသလို ကျောင်းသား ကျောင်းသူများအနေနဲ့လည်း စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုတွေ လည်း များပြားတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် မကြာသေးခင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ထားပြီး ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို သင်ယူလျက်ရှိတဲ့ သရုပ်ဆောင် ယွန်းယွန်းရဲ့ ဆယ်တန်းကျောင်းသူအချိန်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ စာမေးပွဲအတွက် ပြင်ဆင်မှုတွေအကြောင်း မေးမြန်းတဲ့အခါ . . .

“ညီမက ဗိုလ်တထောင်(၃)မှာ ကျောင်းတက်ခဲ့တာပါ။ ဆယ်တန်း စာမေးပွဲနီးတုန်း က တစ်နှစ်လုံးစာလုပ်ထားတာတွေက ဖြေခါနီးမှာ စာတွေပုံလာရော။ စိတ်လှုပ်ရှားတာတွေရော၊ ညဘက်ဆို အဲယားကွန်းဖွင့်ပြီး စာလုပ်တာများတော့ စာမေးပွဲဖြေဖို့နှစ်ပတ်လောက်အလိုမှာ ဖျားတယ်။ မိဘတွေလည်း စိတ်ပူရတယ်။ ဆေးတွေဘာတွေထိုးလိုက်ရတာက ဆယ်တန်း စာမေးပွဲမှာ မှတ်မှတ်ရရရှိခဲ့တဲ့ အခက်အခဲပါပဲ။ ဒါကြောင့် ကျန်းမာရေး ကောင်းအောင်လည်း ဂရုစိုက်ကြပါလို့ပြောချင်ပါတယ်။ ကိုယ့်အတွက်ရော၊ ကိုယ့်မိဘတွေအတွက်ပါလို့ စိတ်ထဲမှာ ထားပြီးကြိုးစားကြပါ။ ညီမတုန်းကလည်း ကိုယ်ကိုယ်တိုင်ထက်စာရင် ကိုယ့်မိဘတွေအတွက် ဆိုပြီး ကြိုးစားခဲ့တယ်။ နေ့နေ့ညညလည်း တအားပင်ပန်းတယ်။ ကိုယ့်ကိုမိဘတွေက ဘေးက နေပြီးဂရုစိုက်ပေးတယ်။ ဒါကြောင့် ကိုယ့်မိဘတွေကို စိတ်ချမ်းသာအောင်လုပ် ပေးမယ် ဆိုတဲ့စိတ်နဲ့ပဲကြိုးစားတယ်။ ဘာပဲပြောပြော ကိုယ်ကိုယ်တိုင်အတွက်ဆိုတာ ထက် ဘေးမှာအမြဲရှိတဲ့လူတွေအတွက် ကြိုးစားတယ်ဆိုတော့ ပိုပြီးလည်းအားရှိတာ ပေါ့”လို့ ပြောပြပါတယ်။ ဆက်လက်ပြီး ယွန်းယွန်းက တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုဖြေဆိုကြမယ့် မောင်ငယ်ညီမငယ်များအတွက်လည်း . . .

“စာမေးပွဲဖြေဆိုကြမယ့် မောင်လေးတွေ၊ ညီမလေးတွေအားလုံးလည်း စိတ်အေး အေးနဲ့ ကိုယ်လုပ်ထားသမျှတွေ အရာထင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဆယ်တန်း စာမေးပွဲဆိုတာက တစ်နှစ်လုံးပြင်ဆင်လာပြီး ဖြေခါနီးအချိန်မှာနည်းနည်း ဏျပခ့သ ဝင် တတ်ပါတယ်။ ငါစာတွေရောရရဲ့လား စာတွေကြေရောကြေရဲ့လားဆိုတဲ့ခံစားချက်တွေက ဖြစ်ကြပါတယ်။ အဲဒီလိုမျိုးတွေ စိတ်ပူပြီး အချိန်တွေမကုန်မိကြအောင် သတိထားရတယ်။ နောက် တစ်ခုကတော့ ကျန်းမာရေးပါ။ အခုလိုအချိန်မှာလည်း ကျောင်းသားတွေ ကျန်းမာရေးကို အထူး ဂရုစိုက်ကြစေချင်ပါတယ်။ တကယ်လို့တစ်ခုခုဖြစ်သွားရင် ဘယ်လောက်ပဲ စာတွေရနေရနေ စာမေးပွဲမှာ ချွတ်ချော်သွားနိုင်ပါတယ်။ ဒါကြောင့် ဂရုတစိုက်ထားပြီး ကြိုးစားကြပါ”လို့ အားပေး စကားဆိုပါတယ်။ ယွန်းယွန်းက တက္ကသိုလ် ဝင်တန်းစာမေးပွဲကို မြန်မာစာနဲ့ဇီဝဗေဒဘာသာရပ်နှစ်ခု မှာ ဂုဏ်ထူးများနဲ့အောင်မြင်ခဲ့ပြီး တက္ကသိုလ်ပထမနှစ်စာမေးပွဲမှာလည်း ဒုတိယဆုရရှိခဲ့ပါတယ်။

မြတ်မိုးပွင့် 


LEAVE A REPLY

Please enter your comment!
Please enter your name here