Fitness Center ဖွင့်ထားပေမယ့်သီချင်းတွေ ဆက်လက်သီဆိုသွားဦးမယ့် ဂျင်းနီ

0
129

အားကစားနဲ့ အကသင်တန်းကို ပါတနာတွေနဲ့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ အဆိုတော်ဂျင်းနီရဲ့ Artists in Motion Fitness Center လေးတောင် တစ်လကျော်သွားခဲ့ပါပြီ။ စီးပွားရေးပိုင်းကို ဦးတည်ထားပေမယ့် ဂီတဘက်ကို ဆက်လက်လုပ်ဆောင်သွားပါဦးမယ်လို့ ဂျင်းနီကဆိုပါတယ်။ သူမအနေနဲ့ Happy Birthday ဆိုတဲ့ တေးအယ်လ်ဘမ်ကို လည်း ထွက်ရှိထားတာ ဖြစ်ပါတယ်။

“ဂီတပိုင်းကို လုပ်ဖြစ်မှာပါ။ ဒီမှာကကျတော့ ၂၄ နာရီနေပေးစရာမှမလိုတာ။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုလည်း လုပ်ဖြစ်မှာပါ။ အတတ်နိုင်ဆုံး ဒီမှာတော့ ကိုယ့်အချိန်လေးတွေမှာ ကိုယ်ကိုယ်တိုင်သင်ပေးနိုင်အောင်နေပေးပါတယ်” လို့ ဂျင်းနီကပြောပါတယ်။ ဒီဘက်ခေတ်မှာက Fitness Center တွေ၊ Gym တွေက သိပ်ခေတ်စားလာသလို လူငယ်တွေကလည်း သိပ်ပြီး ပိန်ချင်၊ လှချင်ကြတာတွေဖြစ်လာ တယ်။ အဆီကျလှပဖို့အတွက်ဆို ဘာတွေလုပ်ဆောင့်သင့်သလဲ၊ ဂျင်းနီရော ဘယ်လို နေထိုင်ဖြစ်လဲလို့ဆိုတော့ …

“ကိုယ်စားတဲ့အစားအသောက်ရှိမယ်။ ကိုယ့်ရဲ့နေထိုင်မှုပုံစံရှိမယ်။ အဓိက ကတော့ အားကစားဆိုတာ လူတိုင်းလုပ်သင့်တယ်။ ပုံမှန်လှုပ်ရှားမှုက အသည်းအသန် ကစားရင် ကျရင်ကျသွားလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ကျသွားလို့ အရင်လိုပုံစံအတိုင်း ပဲ ပြန်နေမယ်ဆိုလို့ရှိရင်တော့ ဝတာက ပြန်ပြီးတော့ တက်လာမှာပဲ။ အဲဒီ အတွက် ပုံမှန်လှုပ်ရှားမှုဆိုတဲ့အရာလေးတစ်ခုထည့်ပေးလိုက်လို့ရှိရင် စားထား တဲ့ ကယ်လိုရီတွေက သူ့ဘာသာသူ ပြန်ဘန်းသွားမယ်။ ပိန်ဖို့ဆိုတာထက်ကို ဂျင်းနီထင်တာကတော့ ကျစ်သွားလိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုက အစားအသောက်ကို သတိထားစားရမှာ ပေါ့။ အခုဆို ဂျင်းနီ တော်တော်လေး ပါးစပ်ပိတ်ထားရ တယ်” လို့ သူမက ပြောပါတယ်။ ဂျင်းနီတို့ Fitness Center က အကနဲ့ အားကစား ပေါင်းထားတာဆိုတော့ ဘယ်လိုအကမျိုးတွေပါလဲလို့မေးတော့.

“ဒီမှာက အားလုံးပေါင်း ၁ဝ မျိုးပေါ့ နော်။ မြန်မာအကရှိမယ်။ Zouba ရှိ မယ်။ TRX ရှိမယ်။ MMA ရှိမယ်။Boxing ရှိမယ်။ Latin ရှိမယ်။ နောက်ပြီးရင်Bollywood ရှိမယ်။Yoga ရှိမယ်။ အစားစားပါပဲ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here