စိုင်းစိုင်း တေး အယ်လ် ဘမ် နဲ့ အ တူ ကျွန်တော်တို့ ပြန်လာပြီ စိုင်းစိုင်းခမ်းလှိုင်

0
101

 Snare အဖွဲ့ရဲ့ အခွေသစ်မှာ ပါဝင်တဲ့ Snare၊ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ သီချင်းသစ်က ‘လွမ်းနာကျ’ လို့ အမည်ရပါတယ်။ ဒါဟာ သူတို့ Frenzo အဆိုတော်တွေရဲ့ ပွဲဦးထွက် သီချင်းသစ်တွေလို့ ဆိုရမှာပါ။ နောက်မှာဆက်တိုက်ထွက်လာမယ့် သီချင်းသစ်တွေ၊ တေးအယ်လ်ဘမ်တွေအကြောင်းကိုလည်း စိုင်းစိုင်းခမ်းလှိုင်က….

“၂ဝ၁၈ ခုနှစ်မှာတော့ ကျွန်တော်တို့ Frenzo Production ရဲ့ Come Back Album တွေ၊ ကျွန်တော်တို့ ပြန်လာတဲ့ Album  တွေ တန်းစီပြီးတော့ ထွက်လာမှာဖြစ်ပါတယ်။ အခု ၂ဝ၁၈ ပွဲဦးထွက်အနေနဲ့ နေဝင်းနဲ့ ဖြိုးလေးတို့ Snareအဖွဲ့ရဲ့ ‘ပူးတွဲချန်ပီယံ’ ဆိုတဲ့ အခွေလေး အရင်ဆုံးထွက်ပါတယ်။ ပြီးရင် G.Fatt အခွေထွက်ဖို့ရှိပါတယ်။ ပြီးရင် စိုင်းစိုင်းရဲ့ စိုင်းစိုင်းထွက်ဖို့ရှိပါတယ်။ ပြီးရင် အမရာဖုန်းရဲ့ အယ်လ်ဘမ်ထွက် ဖို့ရှိပါတယ်။ ပြီးရင် ဘန်နီဖြိုးရဲ့ အခွေထွက်ဖို့ရှိပါတယ်။ ဒီအခွေတွေ အားလုံးကို ၂ဝ၁၈ ထဲမှာပဲ တင်ဆက်သွားဖို့ ကျွန်တော်တို့ အားလုံး အတူတကွ ဝိုင်းပြီးတော့ ကြိုးစားနေကြပါတယ်” လို့ပြောပါတယ်။

နောက်တစ်ခုထူးခြားတာက Snare အဖွဲ့ရဲ့ အခွေမှာဆိုရင်Parental Advisory ဆိုတဲ့ စာတန်းလေးကပ်ပြီး ရောင်းတာတွေ့ ရပါတယ်။ အဓိကကတော့ မိဘခွင့်ပြုချက်ပေါ့။Frenzoရဲ့ နောက်ထပ် ထွက်မယ့်အခွေတွေမှာလည်း ဒီလိုမျိုးတွေပါဝင်လိမ့် မယ်ထင်ပါတယ်။ “မိဘများရဲ့ အကြံပြုချက်၊ မိဘများရဲ့ ခွင်ြ့ပုချက် ရယူပြီး တော့ နားဆင်ပါဆိုတဲ့ Label လေးကို ကျွန်တော်တိှု့Snare အဖွဲ့ရဲ့ အခွေမှာ ကပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟစ်ဟော့ပ်အခွေဖြစ်တဲ့အတွက် ဟစ်ဟော့ပ်စာသားတွေဟာ လမ်းပေါ်က အမှန်တရားတွေ၊ ရပ်ကွက်ထဲက အမှန်တရားတွေကို ဂျာနယ်တစ်ခုလိုမျိုးတင်ပြထားတဲ့ စာသားတွေလည်းပါဝင်ပါ တယ်။ ဒါကို သူတို့က အရိုးရှင်းဆုံးတင်ပြတဲ့ အချိန်မှာ လမ်းပေါ် မှာ သုံးစွဲတဲ့ ဘန်းစကားတွေကို နေဝင်းနဲ့ဖြိုးလေးက အမြောက် အမြားသုံးစွဲထားတာ တွေ့ရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က နေပြီးတော့ ကလေးသူငယ်တွေ နားထောင်တယ်ဆိုရင်လည်း မိဘ တွေက အရင်နားထောင်ပြီးတော့ မိဘတွေက ခွင့်ပြုတယ်ဆိုမှ ကလေး သူငယ်တွေက နားထောင်ပါဆိုတဲ့ နိုင်ငံတကာ ပုံစံအတိုင်း ကျွန်တော်တို့ ကပ်ထားတာဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့ပါတယ်။

 မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here