Snare One Band Show ကို မန္တလေးမှာ ကျင်းပဖို့ စီစဉ်နေကြောင်း ဖြိုးလေး (Snare) ပြော

0
195

မလာဘူးလား၊ မလာဘူးလားလို့ ပြောပြောနေကြတဲ့ မန္တလေးက ပရိသတ်တွေအတွက်Snare အဖွဲ့က One Band Show ကျင်းပဖို့ စီစဉ်နေကြောင်း ဖြိုးလေးကပြောပါတယ်။ ဒါကြောင့်လည်း Snare အဖွဲ့ရဲ့ ပူးတွဲချန်ပီယံ တေးစီးရီးပရိုမိုးရှင်းကို မန္တလေးမှာမလုပ်ဖြစ်တာဖြစ်ကြောင်း သူကဆက်လက်ပြောပြပါ တယ်

“မန္တလေးမှာ Snare One Band Show လုပ်ဖို့ရှိပါတယ်။ ဆယ်တန်းစာမေးပွဲအပြီးလောက် ဖြစ်ဖို့များတယ်။ ၃ လပိုင်း ၁၈ ရက် နေ့လောက် ဖြစ်ဖို့များတယ်။ မန္တလေးက သူတွေကို မပြောရသေးဘူး။ မန္တလေးက ပရိသတ် တွေကတော့ ခေါ်နေတယ်။ မန္တလေးမလာဘူးလားပေါ့။ ကျွန်တော်တို့က မန္တလေး ကို မရောက်ဘူးဖြစ်နေတာ။ ကျွန်တော်တို့Tourမ တွေထွက်ရင်လည်း မန္တလေးကို ကျော်ကျော်ပြီး သွားတယ်။ အောက်မှာလာလာရေးကြတယ်။ မန္တလေး ဘာဖြစ်လို့မလာတာလဲပေါ့” လို့ဖြိုးလေးက ပြောပြ ပါတယ်။

၂ခုစလုံးမှာ အချိန်တွေအများကြီးပေးပြီး ဖြတ်သန်း ဖြစ်ခဲ့တဲ့ Snare အဖွဲ့အနေနဲ့ သူတို့ဖြတ်သန်းခဲ့တဲ့ ကာလတွေမှာ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ အကြောင်းကို ဆက်လက်ပြောပြခဲ့ပြန်ပါတယ်။

“ခေတ်ကြီးက ပြောင်းလဲနေတော့ပြောင်း လဲသွားတာတွေလည်းအများကြီးပဲ။ စိတ်တွေ၊ သဘောထားတွေ ပြောင်းသွားတာတွေ လည်း အများကြီးပဲ။ ကျွန်တော်တို့Underground မှာ ဆယ်နှစ်လောက်နေ ပြီးတော့မှ အခွေထွက်တာကိုး။ အဲဒီ တုန်းကကျတော့ တအားအောင်မြင် စေချင်ပြီးတော့ တကယ်အောင်မြင် လာတော့ မအောင်မြင်စေချင်တော့ ဘူးဗျ။ အဲဒါ ဘာဖြစ်လို့လဲတော့ မသိဘူး။ ပြောင်းလဲတာတော့ ပြောင်း လဲကြမှာပဲလေ။ ကျွန်တော်တို့ ဟစ်ဟော့ပ် ဆိုရင်လည်း ဖက်ရှင်အဝတ်အစားတွေကအစ ပြောင်းလဲ လာတယ်။ တော်တော် ကြာသွားပြီကိုး။ ပြောင်းလဲလာတဲ့ အလျောက်မှာ အကုန်လုံး လေ့လာနားထောင်ဖြစ်တယ်။ အရင်တုန်းကနဲ့ ယှဉ်ရင်တော့ မတူတာပဲရှိတာပါ။ အရ သာသစ်တွေလည်း နားထောင်ရပါတယ်” လို့ ဖြိုးလေး ထံမှ သိရပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here