၂ဝ၁၈ ခုနှစ်ထဲမှာ တစ်ကိုယ်တော် တေးစီးရီးထွက်မယ့် သရုပ်ဆောင် ပွင့်

0
141

အခုလတ်တလောမှာ သရုပ် ဆောင်တော်တော်များများက ဂီတ ဘက် အဆိုပိုင်းကို အလေးထားပြု လုပ်လာတာကိုတွေ့ရပါတယ်။ ထို သူများထဲမှာ သရုပ်ဆောင်ပွင့်လည်း ပါဝင်နေတာဖြစ်ပြီး သူမရဲ့သီချင်း ဖန်တီးမှုနဲ့ပတ်သက်ပြီးတော့ အခုလို ပြောခဲ့ပါတယ်။

”အခုလတ်တလောမှာတော့ အစ်မကတစ်ကိုယ်တော်အခွေထုတ်ဖို့စီစဉ်နေတယ်။ နယ်ရှိုးတွေလည်း ဆိုဖြစ်တဲ့အခါကျတော့ သူများသီချင်း တွေယူဆိုနေရတယ်။ ပရိသတ်တွေ ကိုလည်း ကိုယ်ပိုင်သီချင်းနဲ့ဖျော်ဖြေချင်တယ်။ သူများသီချင်း ခွေတွေမှာ လည်း တစ်ပုဒ်နှစ်ပုဒ်ပါဝင်ဖြစ်တယ်။ သီချင်းအခွေကို ဒီနှစ်ကုန်လောက် မှာထွက်ဖြစ်မယ်လို့ထင်တယ်။ သီ ချင်းကိုလည်း ၁ဝ ပုဒ်ကျော်လောက် ထည့်မယ်။ ကိုယ်ကလည်းသီချင်းဆို ဝါသနာပါတယ်။ ပြီးတော့ နယ်ပရိ သတ်တွေနဲ့လည်း ရင်းနှီးခွင့်ရချင်လို့ နယ်ရှိုးတွေလိုက်ဆိုဖြစ်သွားတာပါ။အရေးကြီးဆုံးက ပရိသတ်ကို ကိုယ် ပိုင်သီချင်းတွေနဲ့သီဆိုဖျော်ဖြေဖို့ပါပဲ” လို့ သရုပ်ဆောင်ပွင့်က ဆိုပါတယ်။

အပျိုကြီးပဲလုပ်ဖို့စိတ်ကူးထားတဲ့ သရုပ်ဆောင်ပွင့်က အိမ်ထောင် ရေးနဲ့ ပတ်သက်တဲ့သူမရဲ့ စိတ်ကူး တွေကိုတော့… ”အစ်မက ဘယ်နေရာ၊ ဘယ်အရာ ပဲဖြစ်ဖြစ် ရောက်ရှိတဲ့နေရာမှာ ပျော် တတ်တယ်။ ပျော်တတ်အောင်လည်း နေတယ်။ အစ်မတွက် အချစ်ဆိုတာ အဲဒီလောက်ကြီးအရေးမပါဘူး။သူ များအတွဲတွေကိုမြင်ရင်လည်းအားကျ တယ်။ အားကျတယ်ဆိုတာကလည်း သူတို့ တွေပျော်ရွှင်နေတာမြင်ရင် ကိုယ်လည်း ပျော်ရသလိုခံစားရတယ်။ အစ်မကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့် ဘဝကို ကျေနပ်တယ်။ အစ်မ အရင် တုန်းက အိမ်ထောင်ကျသွားပြီဆိုပြီး ကောလာဟလတွေထွက်ခဲ့တယ်။ အစ်မဘယ်တုန်းကမှ အိမ်ထောင် မကျဖူးပါဘူး။ အိမ်ထောင်ယူဖို့လည်း စိတ်ကူးမရှိပါဘူး။ အစ်မရဲ့စိတ်ကူး ကိုက လွတ်လွတ်လပ်လပ်နဲ့ ပျော် ပျော်ရွှင်ရွှင်ပဲနေချင်တယ်။ အပျို ကြီးပဲလုပ်မှာပါ။ ဒါပေမဲ့ကံကိုတော့ ပြောလို့မရဘူး”လို့ သရုပ်ဆောင် ပွင့်က ပြောပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here