ပရိသတ် စိုးရိမ်နေရတဲ့ အဆိုတော်သားငယ်ရဲ့လက်ရှိကျန်းမာရေး အခြေအနေ

0
97

‘လမ်းကလေး’ တစ်ကိုယ်တော်အခွေထွက်ပြီး ခံစားချက် တချို့ကို ဖွင့်အန်လာတဲ့ သားငယ်က … ”ကျွန်တော်ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ လမ်းကလေးကတော့ ကြိုက်တဲ့လူလည်းကြိုက်တယ်ပေါ့။ မကြိုက်တဲ့လူတွေလည်း မကြိုက်ကြဘူး။ တစ်ခွေလုံးကတော့ ကိုယ့်အကြိုက်တွေ ကြီးပါပဲ။ တချို့သီချင်းလေးတွေဆိုလည်း ကြိုက် ကြတယ်ကြားပါတယ်။ တစ်ယောက်နဲ့ တစ် ယောက်ကတော့ မတူကြပါဘူး။ ကိုယ် ဖန်တီးလိုက်တာလေး တစ်ခုကို ပရိသတ် ကြိုက်ကြတယ်ကြားတော့ တကယ်ပျော်ပါ တယ်” လို့ ပြောပါတယ်။ သူကတော့ မကြာ သေးမီက စအိုဝမှာ ပြည်တည်ပြီး ဝမ်းမသွား နိုင်တဲ့အတွက် ခွဲစိတ်မှုတစ်ခု ပြုလုပ်လိုက်ရ ပါတယ်။ ပရိသတ် စိုးရိမ်နေကြတဲ့ သူ့ရဲ့လက်ရှိ ကျန်းမာရေး အခြေအနေကိုလည်း ”ခွဲရစိတ် ရတယ်ဆိုပေမယ့် အများကြီးတော့မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ပြည်ထုတ်ဖို့အတွက် ခွဲရစိတ်ရ တဲ့သဘောပါ။ သိပ်အများကြီးတော့မဟုတ်ပါဘူး။ လက်ရှိကတော့ သက်သာသွားပါပြီ။ ဒါပေမဲ့ ဖင်ထိုင် ရင်တော့ နည်းနည်းနာသေးတယ်” လို့ ပြောပြခဲ့ပါ တယ်။
ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here