အစ်မဖြစ်သူ ဝါဆိုမိုးဦးဆီက အနုပညာနဲ့ ပတ်သက်တဲ့ ပညာတွေ သင်ယူဖြစ်ပါတယ် သဉ္ဇာ

0
332

မကြာခင်ကပဲ အွန်လိုင်းစာမျက်နှာထက်မှာ အချိန်တိုလေး အတွင်းနဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းကိုခံခဲ့ရတဲ့ ဝါဆိုမိုးဦးရဲ့ညီမဖြစ်သူ သဉ္ဇာကတော့ အခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ကိုယ်တိုင်ကတော့ အဆိုဘက်နဲ့ အကဘက်ကို ပိုပြီး ဝါသနာပါပြီး အနုပညာအလုပ်ကို သရုပ်ဆောင်အလုပ်နဲ့စ တင်လုပ်ကိုင်သွားမှာဖြစ်ကြောင်း သဉ္ဇာက ပြောပါတယ်။မကြာခင်ကပဲ အွန်လိုင်းစာမျက်နှာထက်မှာ အချိန်တိုလေး အတွင်းနဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းကိုခံခဲ့ရတဲ့ ဝါဆိုမိုးဦးရဲ့ညီမဖြစ်သူ သဉ္ဇာကတော့ အခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ကိုယ်တိုင်ကတော့ အဆိုဘက်နဲ့ အကဘက်ကို ပိုပြီး ဝါသနာပါပြီး အနုပညာအလုပ်ကို သရုပ်ဆောင်အလုပ်နဲ့စ တင်လုပ်ကိုင်သွားမှာဖြစ်ကြောင်း သဉ္ဇာက ပြောပါတယ်။

“ပရိသတ်တွေ သမီးကို အခုလို ဝန်းရံပေးကြတဲ့အတွက် ဝမ်းသာ ပါတယ်။ အခုလတ်တလောမှာတော့ ကြော်ငြာတွေရိုက်ကူးနေပါတယ်။ သမီးကအဆိုဘက်နဲ့ အကကရတာ ကိုတအားဝါသနာပါတယ်၊ ခေတ် ပေါ်K Popအကလေးတွေ၊ ဟော့ရှော့ခ် အကလေးတွေ ဝါသနာပါ ပါတယ်။ ဒါပေမဲ့ညီမကတော့အနုပညာကိုသရုပ်ဆောင်အနေနဲ့ အရင်လုပ် ဖြစ်သွားမှာပါ၊ အစ်မသီချင်းခွေမှာလည်းညီမသရုပ် ဆောင်ထားပါ တယ်။ သမီးက အခုတက္ကသိုလ်ဒုတိယနှစ်လည်း ရောက်နေ ပြီဆိုတော့ အနုပညာအလုပ်တွေ လုပ်ဖို့အိမ်က ခွင့်ပြု ပေးပါတယ်” လို့ပြောပါတယ်။    အစ်မဖြစ်သူဝါဆိုမိုးဦးကိုလည်း ငယ်ငယ်လေးကတည်းက လေးစားအားကျခဲ့ရတဲ့ သဉ္ဇာကအစ်မကသူ့အတွက်ဒုတိယ အမေပါလို့လည်းဖွင့်ဟလာခဲ့ပါတယ်။ အခုချိန်မှာလည်းအစ်မ ဖြစ်သူဆီက အနုပညာနဲ့ပတ်သက်တာတွေ သင်ယူဖြစ်နေ ကြောင်း နဲ့ ပတ်သက်ပြီး သဉ္ဇာက…

“အစ်မကို သမီးငယ်ငယ်လေးကတည်းကတအား အားကျခဲ့တယ်။ ဘာပဲလုပ်လုပ် အစ်မနဲ့တိုင်ပင်ဖြစ်ပါတယ်။ အစ်မက သမီးအတွက်ကတော့ ဒုတိယအမေပါပဲ။ အစ်မက သမီးကို အခုဆိုရင် စကားပြောပုံဆိုပုံတွေ ပထမဆုံး သင်ပေးပါတယ်။ ဘယ်လိုပြောဆိုရမလဲ၊ ဘယ်လိုနေရမလဲ ဆိုတာတွေကအစသင်ပြပေးပါတယ်။ သမီးငယ်ငယ် လေးကတည်းက အစ်မက အနုပညာအလုပ် တွေလုပ်နေတာဆိုတော့ အစ်မသရုပ်ဆောင် တဲ့ ပုံစံတွေတော့ တွေ့ဖူး ပါတယ်။ အဲဒါကြောင့်လည်း သမီး အနုပညာပိုး ပါခဲ့တယ်လို့ထင်တယ်။ အခုဆိုရင် အစ်မက ညီမကို သရုပ်ဆောင်နဲ့ ပတ်သက်ပြီးလည်း သင်ပေးနေပါတယ်။ သရုပ်ဆောင်တဲ့ ပုံစံလည်း လုပ်ခိုင်း ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here