ဖြူဖြူကျော်သိန်း နဲ့ အမေရိကန် အဆိုတော်တို့ ပူးပေါင်း စီစဉ်နေတဲ့ သီချင်းက ဘာတွေထူးခြားမလဲ

0
187

ဖြူဖြူကျော်သိန်းက အခုလတ်တလောမှာတော့ အမေရိကန်အဆို တော်တစ်ဦးနဲ့ သီချင်းစီစဉ်နေပါတယ်။ ဒီလိုသီဆိုပေးဖို့အတွက် ကိုလည်း သူ့အနေနဲ့ ကမ်းလှမ်းခံရတာဖြစ်ပြီး စကားပြောဖြစ်ခဲ့တာကတော့ လွန် ခဲ့တဲ့၃နှစ်ကာလကတည်းကလို့ သိရပါတယ်။

”သူတို့ဘက်ကနေပြီးတော့ မြန်မာလိုရော အင်္ဂလိပ်လိုရော မြူးဇစ်ပိုင်းရော စာ သားအပိုင်းရော အကုန် တာဝန် ယူပြီး ရေးပေးတယ်။ ဖြူဖြူ ကကျတော့ Melody အပိုင်းနဲ့ ဖီးချား ရင်း အပိုင်း မှာပါမယ်။ သူတို့ကကျတော့ Rapping အပိုင်းနဲ့မယ်လို ဒီအပိုင်းကိုဆိုပါမယ်။ အဲဒီလိုတွဲပြီးတော့ပူးပေါင်းတင်ဆက်ဖို့ ရှိပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြော ပြပါတယ်။ အဆိုပါသီချင်းကို Oline Single Relase တွေအနေနဲ့လည်း ထွက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အခွေအနေနဲ့ ထွက်လာဖို့ရှိမလား လို့မေးတော့…

”သူတို့ကတော့ ဘယ်လိုအနေအထားနဲ့ ထွက်မလဲမသိဘူးပေါ့။ အခွေအနေနဲ့ နိုင်ငံတကာ ရောင်းချတဲ့ပုံစံမျိုးနဲ့ သွားမယ်ဆိုရင် Company အကြီးကြီးတွေနဲ့ကျတော့ သူတို့လမ်းကြောင်းတွေဘယ်လိုရှိ တယ်ဆိုတာ ဖြူဖြူ မသိပါဘူး။ အဓိကကတော့ လူငယ်ပရိသတ်တွေရဲ့ Network ဖြစ်တဲ့ Online Relase ကိုပဲ သူတို့အဓိကအားကိုးလိမ့်မယ်လို့ထင်တယ်။တခြားတော့ဘယ်လိုပုံစံသွားမလဲ ဖြူဖြူမပြောတတ်သေးပါဘူး။ သူတို့ကကျတော့ Internation Sales တွေရဲ့အတွေ့ ကြုံတွေလည်း ပိုရှိတယ်။ ကိုယ်ကကျတော့ အနုပညာအပိုင်း သီချင်းဆိုတဲ့ အပိုင်း ပဲ ကျွမ်းကျင်တဲ့အခါကျတော့ ကိုယ်ကတော့ဒီအပိုင်းပဲ အဓိက တာဝန်ယူထားတယ်။ ကျန်တဲ့ Sales တွေအပိုင်းကတော့ သူတို့နဲ့ ပူးပေါင်းပြီးတော့မှ လုပ်ပါ့မယ်”လို့ ဖြူဖြူကျော်သိန်းကပြောပါ တယ်။ သူတို့နဲ့ချိတ်ဆက်မိတာကတော့ ၂ဝ၁၄ ခုနှစ်က မဲဆောက်မှာ ပြုလုပ်တဲ့ ထိုင်း၊ မြန်မာ ချစ်ကြည်ရေးကုန်စည်ပြပွဲမှာ သီချင်းဆိုရင်း အသံကိုကြိုက်သွားပြီး သီချင်းလေး တစ်ပုဒ်အတူ တူလုပ်ချင်တယ်ဆိုပြီး ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။

”စကားပြောကြည့်တော့လည်း အဆင်ပြေ ပါတယ်။ သူတို့ကလည်း သီချင်းတွေ ဖန်တီးတဲ့အခါမှာ Positive Thinking ရှိတဲ့ သီချင်းလေးတွေကို ဖန်တီးရတာကို ကြိုက်တယ်။ ကိုယ်ကလည်း အခု တလောမှာ Positive Thinking ဖြစ်တဲ့ သီချင်းမျိုးလေးတွေကို တအားဆိုချင်နေတဲ့အချိန်၊ မြူးဇစ် ကလည်း ခေတ်ပေါ် လူငယ်တွေ ကြိုက်တဲ့ မြူးဇစ်မျိုးကိုသွားတယ်။ သီချင်း စာသားမှာ ဆဲရေးတိုင်းထွာတာ မျိုးတွေ မပါဘူး။ အဲဒါကကျတော့ ကိုယ့်အတွက် လည်း အရေးကြီးတယ်လေ။ သူတို့ ကိုယ် တိုင်ဆိုတဲ့ စာသားတွေမှာက အစ ဂရုတစိုက်လေးတွေ ရှိတာတွေ့ရတယ်။ အသည်းကွဲတယ်ဆိုရင်တောင်မှ စကားလုံး အသုံးအနှုန်းလေးတွေ ကအစ ဂရုတစိုက် ယဉ်ကျေးတာမျိုး လေးတွေ တွေ့ရတယ်။ သူတို့ကတော့ ဇနီးမောင်နှံပေါ့။ အမျိုးသမီးက ဒီဂျေ။ သူကတော့ သီချင်းဆိုတဲ့သူပေါ့။ အဲဒါနဲ့ပဲအလုပ်လုပ်ဖြစ်ပါတယ်” လို့ ဖြူဖြူကျော် သိန်းက ပြောပါတယ်။ အခုအချိန်မှာတော့ စတူဒီယိုမှာအသံသွင်းနေကြပြီဖြစ်တယ် လို့လည်း သိရပါတယ်။ ဖြူဖြူကျော်သိန်းက ဧပြီလ၁ရက်နေ့နဲ့ ဧပြီလ ၆ရက်နေ့ တို့မှာ ပြုလုပ်မယ့် Bella Music Festival မှာလည်း ပါဝင်သီဆိုသွားဦးမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here