ချန်ပီယံ ခါးပတ် ၂ ဆုနဲ့ မြန်မာပရိသတ်တွေ၊ အနုပညာရှင်တွေ အားပေးခဲ့ကြတဲ့ အောင်လအန်ဆန်း ရဲ့နိုင်ပွဲ

0
162

QUEST FOR GOLD’’ LIGHT HEAVYWEIGHT ကမ္ဘာ့ချန်ပီယံလုပွဲကတော့ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလှပြီး မြန်မာပရိသတ်တွေရဲ့ အသည်းကျော် အောင်လအန်ဆန်းကတော့ ဘရာဇီး နိုင်ငံသား အလက်ဇန်းဒါး မာချာဒိုကို ပထမအချီနဲ့တင် အနိုင်ရရှိခဲ့ပါတယ်။ ဒီ့အပြင် ဖိုးသော်ကလည်း ကမ္ဘောဒီးယားနိုင်ငံသား ဆောဆေးကို အနိုင်ရခဲ့လေပြန်တော့ ပရိသတ်တွေပျော်မဆုံးပေါ့။ ”Machado က ငယ်ငယ်ကတည်းက ဂျူဂျစ်ဆုကစားတာနော်။ ကျွန်တော်က ၁၇ နှစ်၊ ၁၈ နှစ်လောက်မှကစားတာ။ Machado က Ground Play မှာ တအားကောင်းတယ်။ ကျွန်တော်က Ground Play မရောက် အောင်လို့ ကစားတယ်။ သူက ဂျူဂျစ်ဆုအရမ်းကောင်းတာ။ MMA ဆိုတာက လက်ဝှေ့ထိုးတာရှိတယ်။ နပန်းကျစ်တာရှိတယ်။ ဂျူဂျစ်ဆု ချုပ်တာတွေ၊ လိမ်တာတွေရှိတယ်။ အဲဒါအားလုံး တတ်ရမယ်။ သူ မချုပ်နိုင်အောင် နည်းလမ်းတွေသင်ထားတယ်။ ကျင့်ထားတယ်”လို့ သူမြန်မြန်အနိုင်ရအောင် လေ့ကျင့်ထားခဲ့တာတွေကို အောင်လအန်ဆန်းကပြောပြပါတယ်။ အောင်လအန်ဆန်းရဲ့ပွဲကို ကွင်းထဲထိ အားပေး တဲ့အနုပညာရှင်များစွာလည်းရှိပါတယ်။ အဲဒီအထဲကမှ မိုးစက်ဝိုင်က –

” ပွဲစပြီး စက္ကန့်ပိုင်းတင် ပြိုင်ဘက်က အချုပ်မခံရအောင်သတိထားနေချိန်မှာ ခြေထောက်နဲ့ ပစ်ကန်ပြီး ခေါင်းကိုထိသွားတဲ့အတွက် ယိုင်သွားချိန်မှာ လက်သီးတွေ ပစ်သွင်းလိုက်ပါတယ်။ တော်တော်မြန်ပြီး တော်တော်ပြင်းတဲ့ လက်သံ အသံ အကျယ်ကြီးပဲ” လို့ သူမသွားရောက်အားပေးတဲ့ အတွေ့အကြုံကို ပြန် Share ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေ ရတယ်ဆိုပေမယ့် လေးစားမှုကတော့ အပြည့်ရှိကြပါတယ်။ ”တစ်ယောက်နဲ့တစ်ယောက် နိုင်ချင်တဲ့စိတ်တွေရှိကြပေမယ့် အဓိက တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့လေးလေးနက်နက်လေ့လာလိုက်စားခဲ့တဲ့ ဝါသနာတစ်ရပ်လည်းဖြစ်တယ်။ ကျွန်တော်တို့ သွားချင်တဲ့ ချန်ပီယံလမ်းကြောင်းကို ရောက်ဖို့ ကြားထဲမှာ အဆင့်ဆင့်ဖြတ်သန်းရပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့နဲ့ ဆုံရကြုံရတဲ့ တိုက်ခိုက်ရေးညီအစ်ကိုတွေရှိတာပေါ့နော်။ ယှဉ်ပြိုင်ရ တဲ့အခါမှာလည်း နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျွန်တော်တို့ကို အကောင်းဆုံး သူတို့တွေ သင်ပြပေးခဲ့တယ်။ ကျွန်တော်တို့ကို အတွေ့အကြုံတွေရအောင် ကူညီစောင်မပေးခဲ့ တယ်။ ကျွန်တော်ကတော့ ကျွန်တော်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘောဒီးယားပြိုင်ဘက်ကို လေးစားပါတယ်။ အားပေးကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဖိုးသော်ကပြောပါတယ်။ အောင်လကတော့ နောက်လမှာ မြန်မာနိုင်ငံကို ပြန်လာဦးမှာပါ။ ”နောက်လ မတ်လ ၈ ရက်နေ့မှာ ကျွန်တော်ရယ်၊ ကျွန်တော့် သားရယ်ပြန်လာမယ်။ နောက်ကျရင်တော့ ကျွန်တော့်အမျိုးသမီးပါ ခေါ်လာခဲ့မယ်” လို့ အောင်လအန်ဆန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here