ချစ်သူဖြစ်နေကြပြီဆိုတဲ့သတင်းနဲ့ ပိုင်တံခွန်နဲ့အိန်ဂျယ်လမုန် တို့ရဲ့စကားသံ

0
531

ခုလတ်တလောမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ မော်ဒယ်၊ သရုပ်ဆောင်ပိုင်တံခွန်ဟာ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာ မော်ဒယ်အိန်ဂျယ်လမုန် နဲ့ ချစ်သူတွေဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။. ကောလာဟလ သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ပိုင်တံခွန်က ”ကျွန်တော်က ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ကျွန်တော့်ပရိသတ်တွေ ပျော်အောင်ဆိုပြီး တစ်လတစ်ခါ ထူးထူးဆန်းဆန်းလေးတွေ လုပ်ဖြစ်တယ်။ ဒီလမှာလည်း ကျွန်တော်က ညီမလေး အိန်ဂျယ်လမုန်ကို အကူညီတောင်းပြီးတော့ ပရိသတ်တွေပျော်ရအောင် အစီအစဉ်တစ်ခုလောက် လုပ်ကြမယ်လို့ပြောတယ်။ အဲဒီတော့ ညီမလေးကလည်း ကျွန်တော်အကူအညီတောင်းတော့ ကူညီခဲ့တယ်။ ပြီးတော့ဖေ့စ်ဘုတ်ခ်ပေါ်မှာ သူနဲ့နှစ်ယောက်တွဲပုံတွေတင်တယ်။ ကွန့်မန့်တွေမှာ ညီမလေးကလည်း ကိုတို့ဘာတို့ နဲ့ ကျွန်တော့်ကို ဝင်မန့်တယ်။ အဲဒီတော့ ကျွန်တော့် ပရိသတ်တွေက ဖုန်းဆက်ပြီးတော့လည်း ကျွန်တော့်ကို ပြောကြတာပေါ့။ ကျွန်တော်နဲ့ အိန်ဂျယ်လမုန်နဲ့က မောင်နှမတွေလို နေကြတာပါ။ ကိုယ့်မိသားစုနဲ့ သူ့မိသားစု ကလည်း အကုန်လုံး ခင်နေကြတာဆိုတော့ ဒီလိုမျိုးသတင်းတွေထွက်လာတော့ အိန်ဂျယ့်ရဲ့မိသားစုကိုလည်း အားနာမိပါတယ်”လို့ ပြောပါတယ်။ ပိုင်တံခွန်ကို ကူညီပေးလိုက်လို့ သူ့ရဲ့ပရိသတ်တွေက အိန်ဂျယ်လမုန်ကို စိတ်ဆိုးနေပုံကိုလည်း အိန်ဂျယ်လမုန်က –

”ပထမကတော့ သူကအကူအညီတောင်းတော့ ညီမလည်း ကိုယ့်မောင်နှမအချင်းချင်းပဲဆိုပြီးတော့ လုပ်ပေးတာပေါ့။ ကိုပိုင်တံခွန်ကို ဖုန်း ဆက်ပြီးတော့ အစ်ကိုရေ ပြဿနာတွေတော့ တက်ကုန်ပြီလို့ ပြောလိုက် တယ်။ အဲဒီတော့မှ ပရိသတ်တွေကို စတာ တော်တော်လွန်သွားတာ ညီမတို့ ၂ ယောက် သိသွားတယ်။ ပရိသတ် တွေကို တောင်းပန်ပါတယ်။ နောက်တစ်ခါလည်း အဲဒီလို မစတော့ပါဘူး” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here