HR မန်နေဂျာဘဝကနေ လူရွှင်တော်တစ်ဦးဖြစ်လာသူ လူရွှင်တော် ချစ်ချော

0
448

လူရွှင်တော် ချစ်ချောဆိုရင် ပရိသတ်တွေသိရှိပြီးဖြစ်ကြမှာပါ။ သူ့အနေနဲ့ လူရွှင်တော်တစ်ယောက် ဘယ်လို ဖြစ်လာလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ သူဟာအငယ်တန်းအင်ဂျင်နီယာ တစ်ဦးအဖြစ်လည်း လုပ်ကိုင် ခဲ့သလို Company တစ်ခုရဲ့ HR မန်နေဂျာတစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ လူရွှင်တော် ဘဝကိုမြတ်နိုးလွန်းလို့ မန်နေဂျာရာထူးကို စွန့်လွှတ်ပြီး အနုပညာလောကထဲကို ကူးခဲ့ပါတယ်။ ဒီအကူးအပြောင်းမှာ သူဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကတော့ ”အခက်အခဲတွေ အများ ကြီးရှိခဲ့ပါတယ်။ Company က ကျွန်တော်ကမန်နေဂျာပါ။HR နဲ့ Admin ဌာနကို ခွဲကိုင် ရတဲ့ မန်နေဂျာပါ။ ကလေးတွေကိုရှေ့ဆောင်ဦးရွက်အနေနဲ့ ကျွန်တော်က နေပြ ရတာလေ။ အဲဒီမှာ ပြဿနာကဘာရှိလဲဆိုတော့ ညဘက်ဆိုရင် ကျွန်တော်က ပွဲကရ တယ်။ ညပိုင်းပွဲကပြီးရင် မျက်လုံးလေးစင်းပြီး အလုပ်လာဆင်းရတယ်။ အဲဒီလို အခက် အခဲတွေတော့ရှိခဲ့တာပေါ့။ နောက်တစ်ခါဆိုးတာက နယ်ပွဲတွေသွားတဲ့အခါ Company က ခွင့်တွေယူရတယ်။ သူများတွေရုံးနောက်ကျရင် အရေးယူ ရတဲ့ဌာနမှာလုပ်ရတယ်။ မန်နေဂျာကိုယ်တိုင်က ၅ မိနစ် နောက်ကျလိုက်၊ ၁ဝ မိနစ်နောက်ကျလိုက်ဖြစ်နေတော့ လတိုင်း လခဖြတ်တဲ့အထဲမှာ ကျွန်တော်ပါတယ်။ ကြာလာတော့ မျက်နှာလည်းပူလာတယ်။ အဲဒီ လိုနဲ့ ၂ဝဝ၇ ခုနှစ်လောက်မှာ ပွမ်ပွမ်နဲ့ ကျွန်တော် လူရွှင်တော် ဖလားပြိုင်ပွဲမှာပြိုင်တော့ ၂ နှစ် ဆက်တိုက် ပထမဆုရခဲ့ တယ်။ အဲဒီမှာတင် ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှု တွေရှိလာတယ်။ သူငယ်ချင်းပွမ်ပွမ်က စည်ပင်က လူရွှင်တော် ဆိုတော့သူ့ကို ဆာဗေးလုပ်ကြည့်တယ်။ သူ ပွဲပေါင်းဘယ် လောက် ကရပြီးတော့ သူဝင်ငွေ ဘယ်လောက်ရလဲပေါ့။ Company ကရတဲ့လခက ဘယ်လောက်ရတယ်ပေါ့။ အဲဒီနှစ်ခုကို နှိုင်းယှဉ်ကြည့် လိုက်တယ်။ အဲဒါနဲ့ ပွဲကလို့ရတဲ့ ငွေက ငါ့မိသားစုအတွက် လုံလောက် တယ်ဆိုပြီး Company ကနေ ထွက်တယ်ကွာဆိုပြီး ထွက်လိုက်တယ်” လို့ သူကပြောပါတယ်။ တခြားစီးပွားရေးလည်း မလုပ်တတ်တဲ့အတွက် လူရွှင်တော်ဘဝနဲ့ပဲ ရလာတဲ့ပိုက်ဆံကို ခြိုးခြိုးခြံခြံ ခြစ်ခြုတ်စုဆောင်းတာ ကလွဲလို့ ဘာမှမရှိကြောင်း လူရွှင်တော်ချစ်ချောက ပြောပြပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here