ဇာတ်ကားတစ်ကားရိုက်ကူးရင် ဇာတ်ကောင်စရိုက်ဘယ်လိုပီပြင်အောင် လုပ်မလဲစဉ်းစားတယ် ပိုင်ဖြိုးသု

0
217

အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုး သုက ဘယ်လိုကာရိုက်တာမျိုး၊ ဇာတ်ကောင်မျိုးကိုမဆို ပီပြင်စွာ သရုပ်ဆောင် နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်နဲ့ပတ်သက်ရင် အမြဲကြိုးစားလေ့လာပြင်ဆင်တတ်တဲ့သူမက  ဒီ၂ဝ၁၈ ခုနှစ်မှာထဲမှာလည်း…

“သုဒီနှစ်ထဲမှာ ပိုပြီးကြိုးစားသွားမှာပါ။ အဓိက က ဇာတ်ကောင်ကာရိုက်တာပေါ့နော်။ ဇာတ်ကား တစ်ကား ရိုက်တော့မယ်ဆိုရင် များသောအားဖြင့် သူ့ဇာတ် ကောင်စရိုက်ကို ဘယ်လိုပီပြင်အောင်လုပ်မလဲစဉ်း စားတယ်။ ဒီနှစ်ထဲမှာလည်း အဲဒီအပိုင်းလေးကို   အဘက်ဘက်ကနေလိုက်ပြီးတော့ပိုစဉ်းစားမယ်၊ ပိုပြီး ပြင်ဆင်မယ်လို့ ဆုံးဖြတ်ထားတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

အခုချိန်ထိတော့ ဒရာမာဇာတ်ကား တွေပဲရိုက်ကူးတာများနေပြီး သူမအနေနဲ့က ဇာတ် ရွေးချယ်လို့ရတဲ့အနေအထားမျိုးမရောက်သေးပါ ဘူးလို့ ဆိုပါတယ်။  “သုကတော့ ဒရာမာပဲ အရိုက်များတယ်ဆို တော့လေ ဒါပေမဲ့ သုတို့အနေအထားကျတော့ ကိုယ်ကရွေးချယ်တယ်ဆိုတာထက် ကိုယ်နဲ့လိုက်ဖက် တယ်ဆိုပြီး ပရိုဂျူဆာတွေဒါရိုက်တာတွေရဲ့ ရွေးချယ်တာကို ခံရတဲ့အချိန်ပေါ့နော်။ အဲဒီလိုဆိုတော့ သူတို့ရွေးပေးတဲ့ အပေါ်မှာပဲ ကိုယ်ကအကောင်းဆုံးကြိုးစားရမှာပေါ့။ ကိုယ်ကဇာတ်ရွေးလို့ရတဲ့အနေအထား မရောက်သေး ဘူးဆိုတော့လေ” လို့ ပိုင်ဖြိုးသုက ပြောပြပါတယ်။ အခု လက်ရှိမှာတော့ ပိုင်ဖြိုးသုက ဒါရိုက်တာစတီးလ်ရိုက် ကူးနေတဲ့ ‘လမ်းပေါ်ကမြွေဟောက်’ ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားပြီးရင်တော့ ဒါရိုက် တာ အောင်ဇော်လင်း ရိုက်ကူးမယ့် ဇာတ်ကားကို နေတိုး၊ ရဲလေးတို့နဲ့ ရိုက်ကူးမယ်လို့သိရပါတယ်။

ဇင်မာနွယ် 

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here