အိချောပို၊ နန်းစုရတီစိုးနဲ့ မြန်မာပြည်သိန်းတန်တို့ စုံတွဲရဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံကို တာဝန်ယူထားတယ် ဒီဇိုင်နာ မျိုးမင်းစိုး

0
245

သူပြိုင်ကိုယ်ပြိုင် အပြိုင်ကြဲကြတဲ့ အကယ် ဒမီပေးပွဲဖြစ်နေလေတော့ ဘယ်မင်းသမီး ကတော့ ဘယ်ဝတ်စုံလေးနဲ့ လှနေတယ်၊ ဘယ် မင်းသားကတော့ ဘယ်လိုစတန့်ထွင်ပြီးဝတ်လာ တယ်၊ ဘယ်ဝတ်စုံကတော့ ဘယ်ဒီဇိုင်နာက ချုပ်ပေးထားတာဆိုတဲ့ အသံမျိုးစုံကတော့ နှစ်တိုင်းကြားနေရမှာပါ။ အခုလည်း အကယ် ဒမီပွဲတက်မယ့် အနုပညာရှင်တွေအတွက် ဒီဇိုင်နာတွေ အလုပ်ရှုပ်နေကြပြီ။ မန္တလေးမှာနေတဲ့ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီနှစ်မှာ သူလက်ခံထားတဲ့ အနုပညာရှင်တွေအကြောင်းကို အခုလိုပြောပြပါတယ်။

”အကယ်ဒမီကတော့ အစ်ကို့ရဲ့ ပင်တိုင်မင်းသမီးပေါ့နော်။ အိချောပိုကို ချုပ်ပေးဖြစ်မယ်။ နန်းစုရတီစိုးကို ချုပ်ပေးဖြစ်မယ်။ မြန်မာပြည်သိန်းတန် တို့စုံတွဲကို ချုပ်ပေးဖြစ်မယ်။ သူတို့တွေ အပ်ထားတာတော့ ကြာပါပြီ။ အခု လောလောဆယ် Confirm ကတော့ အဲဒီလောက်ပါပဲ။ ကျန်တာတွေလည်း ရှိပါသေးတယ်။ ဒီလကုန်လောက်မှ အတိအကျသိရမှာပေါ့” လို့ သူကပြောပါ တယ်။ ဒီနှစ်အကယ်ဒမီပွဲတက်ဝတ်စုံကိုတော့ သူကဒီလိုဖန်တီးပါမယ်တဲ့။

”ဒီနှစ် ဒီဇိုင်းတွေကျတော့ အစ်ကိုက Myanmar Culture ဘက်ကို သွားမှာပေါ့။ လုံးဝအနုစိတ်တဲ့ပုံစံပေါ့။ နည်းနည်းကိုပဲ ထိန်းချုပ်လိုက်ပြီးတော့ ဒီနှစ်ကတော့ ချိတ်ထည်ကို Creation တွေပြဖြစ်ဖို့များပါတယ်။ ကာလာ ရွေးချယ်မှုကလည်း Nude Colour နဲ့ Bling Bling ဖြစ်တဲ့ Colour ကို ရွေးချယ်ပြီးတော့ သုံးဖို့လုပ်ထားပါတယ်။ ကြည့်လိုက်တာနဲ့ မြန်မာမှုပိုင်းကို ပေါ်လွင်စေမယ့် ပုံစံမျိုးကို အစ်ကိုက ဒီနှစ်ဖန်တီးထားတာ” လို့ ဒီဇိုင်နာ မျိုးမင်းစိုးထံမှ သိရပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here