Sophia Everest ရဲ့ဒုတိယမြောက်တေးစီးရီး

0
229

ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော်ဆိုဖီယာ ကတော့ မကြာ သေးမီက Tuborge Brand ရဲ့ Brand Ambassador တစ်ဦး အဖြစ် ခန်းအပ်ခံထားရသူလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ Tuborge Brand နဲ့အတူ Show ပွဲတွေလုပ်ပြီး သီဆိုသွားသွားမှာဖြစ်ကာ ရှေ့ဆက်ပြီးလည်း အနုပညာ အလုပ်တွေပါ လက်တွဲ လုပ်ကိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ခုလိုBeer Brand တစ်ခုမှာ မိန်ကလေးတစ်ဦးအနေနဲ့ Brand Ambassador တစ်ဦးအဖြစ်လက်ခံဖြစ်တဲ့အကြောင်းအရင်းတချို့ကို လည်း ခုလိုပြောပြ ခဲ့ပါတယ်။

“Brand Ambassador တစ်ဦးအဖြစ် လက်ခံဖြစ်တာက ဒါဆိုဖီရဲ့ ပထမဆုံးအတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။Tuborge Brand က လူငယ်တွေအတွက် အဓိကထားပြီး လုပ်တဲ့Brand တစ်ခုလည်းဖြစ်တယ် Show ပွဲတွေလည်ဆက်တိုက်လာတော့မယ်ဆိုတော့ဆိုဖီအလွန်ပဲစိတ် လှုပ်ရှားနေပါတယ်။

ခုလို Beer Brand တစ်ခုမှာမိန်ကလေးတစ် ယောက် အနေနဲ့ Brand Ambassador အဖြစ်လက်ခံဖြစ် တာကတော့ ကျြငခ နဲ့ပတ်သက်မယ် ဆိုရင် ဆိုဖီကြိုက်တဲ့Rock, Pop စတဲ့ ဆိုဖီကြိုက်တဲ့Music လိုင်းတွေနဲ့လည်း ပတ်သက်မှုရှိတယ်။ Beer Brand တစ်ခုဖြစ်တဲ့ အတွက် လူငယ်တွေကြားထဲမှာ အာလုံးသိပြီး သားဖြစ်တယ်။ ပြီးတော့အရောင် က လည်း အစိမ်းဖြစ်တဲ့အတွက် ဆိုဖီကြိုက်တဲ့ အရောင်တစ်ခုလည်း ဖြစ်ပါတယ်။ ဆိုဖီကိုယ်တိုင်ကလည်း Tuborge Brand ကိုကြိုက်နှစ်သက်ပါတယ်။ လာကမ်းလှမ်းလာတဲ့ အတွက်လည်း ဝမ်းသာပါတယ်။

Beer Brand တစ်ခုဖြစ်တဲ့အတွက်လည်း Show ပွဲတွေသီဆိုတဲ့အခါမှာ ဆိုဖီသီဆိုနေကျပုံစံ တွေနဲလိုက်ဖက်တယ်လို လည်းထင်ပါတယ်”လို့ပြောပြခဲ့ပါတယ်။

လတ်တလောမှာတော့ Show တွေ သီဆိုဖြစ်နေပြီး သူမရဲ့ ဒုတိယ မြောက်တစ်ကိုယ်တော် တေးစီးရီး ထွက်ဖြစ်ဖို့လည်း ပြင်ဆင်နေပါတယ်။

သူမရဲ့ဒုတိယမြောက်တစ်ကိုယ်တော် တေးစီးရီးနဲ့ ပတ်သက်ပြီး…

“ဆိုဖီရဲ့ ဒုတိယမြောက် တစ် ကိုယ်တော်ခွေကတော့ မကြာခင် ထွက်ရှိ တော့မှာပါ။ Date က တော့သေချာပြော လို့မရသေး ပါဘူး။ ဒုတိယမြောက် တေးစီးရီးကိုတော့ ဆိုဖီ ပထမ တေးစီးရီးထက် ပိုပြီး ကြိုးစားထား ပါတယ်။ အဆွေး သီချင်းတွေ ပါမယ်။Pop Musicကို လည်း လုပ် ထားပါ တယ်။ ပြီးတော့ အင်္ဂလိပ်သီချင်း တွေလည်း ပါတယ်။ ပထမ ခွေမှာတုန် ကတော့ဆိုဖီ အနေနဲ့သီချင်းမြူး တာ လေးတွေကိုအဓိက ထားပြီး လုပ်ထားတယ်။ ခုတေးစီးရီး ခွေမှာကတော့ မြန်မာ ပရိသတ်အကြိုက် လေး တွေပါတယ်။ အလွမ်း သီချင်း တွေ၊ အဆွေး သီချင်းတွေလည်း ပါတယ်။ ကိုယ့်ခံစား ချက်နဲ့ ကိုက်ညီတဲ့ သီချင်းလေး တွေလည်း ထည့်ထားပါတယ်။ အခွေ နာမည်ကတော့ဆိုဖီ ပရိသတ်ကို- Surpriseအနေနဲ့ မ ပြောသေး ပါ ဘူး”လို့ ပြောပြခဲ့ပါ တယ်။

သတင်း
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here