မင်းသားတွေ လူရွှင်တော်လုပ်ကြတဲ့အပေါ် ဝါရင့် ဟာသ သရုပ်ဆောင် ကင်းကောင်ရဲ့ အမြင်

0
305

လူရွှင်တော်တစ်ဦးဖြစ်သလို ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ကင်းကောင်ကတော့ လက်ရှိမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး သူချစ်တဲ့အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပါဝင် သရုပ်ဆောင်ဖြစ်နေပြီး MRTV – 4 မှာ ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။ လက်ရှိ Video ဈေးကွက်ပျက်နေချိန်မှာ ရုပ်သံဇာတ်လမ်းတွဲ တစ်ခေတ်ဖြစ်လာတာက အနုပညာလောကသားတွေအတွက် အလုပ် မပြတ်တဲ့အားသာချက်တစ်ခုလည်း ဖြစ်ပါတယ်။ ရိုက်ကူးနေကြတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ အပေါ် သူရဲ့အမြင်ကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

“ရုပ်သံဇာတ်လမ်းတွဲတွေ ခေတ်စားလာတာကိုတော့ တချို့ဇာတ်လမ်းတွဲတွေ ကြိုက်ပါ တယ်။ ပရိသတ်တွေမှာလည်း တချို့ပရိသတ်တွေ ကြိုက်ကြတယ်။ တချို့ပရိသတ်တွေ မကြိုက်ကြဘူးပေါ့။ ပရိသတ်ကြိုက်တယ် မကြိုက်ဘူးဆိုတာထက် လုပ်ပြတဲ့အပေါ်မှာ မူတည် တယ်။ ဇာတ်လမ်းတွဲတွေရိုက်ကြတဲ့အခါ ပရိသတ်ကြိုက်အောင် လုပ်ပြနိုင်ဖို့တော့ လိုပါတယ်။ ဆက်ပြီးတော့ ဇာတ်လမ်းတွဲတွေ ပရိသတ်ကြိုက်အောင်ရိုက်ပြနိုင်မယ်ဆိုရင် ဒါကတော့ ဆက်ပြီးအောင်မြင်နေမှာပါ” လို့ပြောခဲ့ပါတယ်။

လက်ရှိခေတ်ကာလမှာ မင်းသားများက လူရွှင်တော်အဖြစ် အငြိမ့် ကတာတို့၊ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာလည်း ဇာတ်ဆောင်မင်းသားများက ဟာသကို ကိုယ်တိုင် ဦးစားပေး လုပ်လာကြတဲ့အပေါ် လူရွှင်တော် တစ်ဦးဖြစ်သလို ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သူ့အတွက် နေရာဖယ်ပေးရသလိုဖြစ်နေသလားလို့ ဆက်ဆက်မေးမြန်းခဲ့ရာ –

”မင်းသားတွေက အငြိမ့်လူရွှင်တော်အနေနဲ့ အငြိမ့်ပြက်လုံးတွေ လုပ်ကြတဲ့အတွက် ကျွန်တော်တို့ အငြိမ့်ရေးစီကြောင်း အစဉ်မပြတ် ပရိသတ်အားပေးမယ်။ ကြည့်လို့ကောင်းတယ်။ ရယ်ရတယ်။ ပြက်လုံးတွ နားထောင်လို့ကောင်းမယ်။ မင်းသားတွေ လူရွှင်တော်လုပ်တာကို ကျွန်တော့်အနေနဲ့ကတော့ ခုချိန်ထိဝေဖန်ထောက်ပြတာမရှိပါဘူး။ အငြိမ့်တစ်ပွဲကောင်းဖို့ ဆိုတာကတော့ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့မဖြစ်ပါဘူး။ ပါသမျှလူရွှင်တော်တွေ အားလုံး တစ်ဖွဲ့လုံးညီဖို့က အရေးကြီးပါတယ်။ Video တွေ၊ ရုပ်ရှင်ကားတွေမှာလည်း မင်းသားတွေက ဟာသကို ပိုလုပ်လာကြတာတော့ အနုပညာသမားတွေအားလုံးကတော့ ကိုယ်နိုင်တာ ကိုယ် တတ်တာကို ပရိသတ်ကိုဖျော်ဖြေကြတာပါ။ အဲဒီလိုပဲမြင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူတာ နင်းတာ ခွတာတော့ မရှိကြပါဘူး။

သတင်း၊ ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here