၂ဝ၁၈ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားတွေပဲ အများဆုံး လက်ခံရိုက်ကူးနေတယ် အလင်းရောင်

0
193

သရုပ်ဆောင် အလင်းရောင်က အခုလတ်တလောမှာတော့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးနေတဲ့ ‘လမ်းပေါ်က မြွေဟောက်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထွန်းကိုကို၊ နေမျိုးအောင် ၊ ပိုင်ဖြိုးသု၊ လှမျိုးသဉ္ဇာနွယ်တို့နဲ့အတူ ပြင်ဦးလွင်မှာ သွားရောက်ရိုက်ကူး နေပါတယ်။ ၂ဝ၁၇ ခုနှစ်ကစပြီး ရုပ်ရှင်ဗီဒီယို ဇာတ်ကားများကို စိပ်စိပ်လုပ်ကိုင် လာရတဲ့ အလင်းရောင်က အခုနှစ်ထဲမှာဆိုရင် သူလက်ခံရိုက်ကူးမယ့် ဇာတ်ကားတွေက ရုပ်ရှင် ဇာတ်ကားတွေပဲများနေတယ်လို့ ဆိုပါတယ်။

”ဒီနှစ်ထဲမှာ လက်ခံထားတဲ့ ဇာတ်ကားတွေက ရုပ်ရှင် ဇာတ်ကားကြီးတွေ များတယ်။ ဗီဒီယို ဇာတ်ကားကတော့ သိပ်လည်းမရိုက်ဖြစ်ဘူး။ အခုထိလက်ခံထားတဲ့ ဇာတ်ကားကတော့ ၅ ကားပဲရှိတယ်။ ရုပ်ရှင်ဇာတ်ကားမှာတော့ ကာရိုက်တာက အခုနောက်ပိုင်း တစ်ကားနဲ့ တစ်ကားအပြောင်းအလဲဖြစ်အောင် အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ရွေးချယ်ရိုက်ကူးနေတယ်။ ပြီးတော့ ကိုဝိုင်း ( ဒါရိုက်တာဝိုင်း)နဲ့ အခု လက်ခံထားတဲ့ ဇာတ်ကားတွေမှာဆိုရင် ကာရိုက်တာတွေက တစ်ကားနဲ့တစ်ကား တစ်မျိုးပြီးတစ်မျိုး ချိန်းတယ်။ ချိန်းတယ်ဆိုတော့ ကျွန်တော့် ဇာတ်ကားတွေထွက်လာ ရင် ပရိသတ်တွေအနေနဲ့ တစ်မျိုးမြင်လို့ရအောင် မြင်သွားလောက်တဲ့ အထိတော့ ကြိုးစားပြီး ရိုက်ကူးနေတယ်” လို့ အလင်းရောင်က ပြောပါတယ်။

အလင်းရောင်က အဆိုပိုင်းမှာလည်း Cruch ဆိုတဲ့ တေးအယ်ဘယ်တစ်ခု ထွက်ထားတဲ့ သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဂီတဘက်ကို ဝါသနာပါတဲ့ သူ့အနေနဲ့ အခုချိန်မှာတော့ ရုပ်ရှင်ဘက်ကိုပဲ ဦးစားပေးလုပ်ကိုင် နေတဲ့အချိန် ဖြစ်နေတဲ့အတွက် အဆိုဘက် မှာတော့ …

”အဆိုပိုင်းနဲ့ပတ်သက်လို့ကတော့ အားတဲ့အချိန် တွေမှာဆိုရင် သူများသီချင်းတွေမှာပဲ ပါဝင်ရိုက် ကူးဖြစ်နေတယ်။ ကျွန်တော့်သီချင်းအတွက် လက် ကျန် ၄ ပုဒ်လောက်ကျန်သေးတယ်။ Mtv အနေနဲ့ တော့ သေချာမရိုက်ဖြစ်သေးဘူး။ မရိုက်ဖြစ်တော့ ရိုက်ဖြစ်သလောက်ကို ပရိသတ်တွေ အကြာကြီးစောင့်မနေရအောင် ဖေ့စ်ဘုတ်ခ်ကနေ ကျွန်တော် တင်ပေးသွားမှာပါ။ ဒီနှစ် ထဲမှာပဲ တင်ပေးသွားမှာပါ။ကျွန်တော့်ဆီမှာ ရိုက်ပြီးသလောက် edit လုပ်ပြီးသား တွေကို အခွေထွက်ဖို့ထိ စောင့်နေတာ။ ဒါပေမဲ့ အခုက ရိုက်ကူးရေးပိုင်းကိုသာ အလေးပေး ဇောင်းပေးပြီးလုပ်ဖြစ်နေ တာဆို တော့ Mtv ကို သေချာမလုပ်နိုင် သေးဘူးဖြစ်နေတယ်။အဲဒီအတွက် ကြောင့်ပါ” လို့အလင်းရောင်က ပြော ပြခဲ့ပါတယ်။

ဒီနှစ်ထဲမှာ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်လာဖို့ရှိ ကြောင်းနဲ့ မတ်လအတွင်းမှာပဲ ‘ရွှေကြာ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်လာဖို့ရှိတယ်လို့ အလင်းရောင် က ပြောပါတယ်။
ဒီ ‘ရွှေကြာ’ရုပ်ရှင်ဇာတ်ကား ကို ငွေသော်တာ ရုပ်ရှင်ထုတ်လုပ် ရေးက ထုတ်လုပ်ပြီး ဒါရိုက် တာဝိုင်းက အလင်းရောင်၊ ဖွေးဖွေး၊ သင်ဇာဝင့်ကျော်တို့နဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here