ပရိသတ်နဲ့ အမြန်ဆုံး ထိတွေခွင့်ရဖို့ကြိုးစားနေတဲ့ သရုပ်ဆောင်ရဲတိုက်

0
242

သရုပ်ဆောင် ရဲတိုက်ကတော့ လက်ရှိမှာ အရင်အတိုင်း အနုပညာအလုပ်တွေလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ လတ်တလော မှာတော့ Video ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပြီး စီးပွားရေးကြော်ငြာတွေ လက်ခံရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ပရိသတ်နဲ့ အမြန်ဆုံးနီးစပ်ချင်တာကြောင့် Video ဇာတ်ကားတွေ ဦးစားပေးရိုက်ကူးနေတယ်လို့ပြောလာတဲ့သရုပ်ဆောင်ရဲတိုက်က …

”ခုကျွန်တော်က ဗီဒီယို ဇာတ်ကားတွေစရိုက်တယ်။ ဘာလို့လဲဆိုတော့ ဗီဒီယိုက ပရိသတ်နဲ့ အမြန်ဆုံးထိတွေခွင့်ရတဲ့ အခွင့်အရေးရှိတဲ့အတွက် ဗီဒီယိုဇာတ်ကားတွေ ဦးစားပေးပြီးရိုက်ကူးဖြစ်နေပါတယ်။ ဒါပေမဲ့ ရုပ်ရှင်လည်း ရိုက်ကူးမယ်။ ရုပ်ရှင်ကကျတော့ ကျွန်တော် ရိုက်ကူးရတာပိုပြီး အားသန်ပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်က ဗီဒီယိုနဲ့မတူဘူးလေ။ ဗီဒီယိုကျတော့နည်းနည်းပေါ့ပေါ့ပါးပါးနိုင်တယ်လေ။ ရုပ်ရှင်ကတော့ခုချိန်မှာ တကယ်ကို ရည်ရွယ်ချက်ရှိရှိရိုက်ကူး လာကြပြီဖြစ်တဲ့အတွက် ရုပ်ရှင်ကိုတော့ပိုရိုက်ချင်တယ်။ ရုပ်ရှင်ကို ဘယ်လိုဇာတ်လမ်းမျိုးကိုဦးစားပေးပြီး ရိုက်ကူးချင် လဲတော့ သူတို့ဘက်က ကျွန်တော်နဲ့သင့်တော်တဲ့ဇာတ်လမ်းမျိုးကိုပေးပါလိမ့်မယ်။ အနုပညာအလုပ်တွေပြန်လုပ်နေပြီဆိုတော့ ပရိသတ် ကို ကျွန်တော့်အနေနဲ့ ချပြချင်တာကတော့ ကျွန်တော်ခံစားရသလို လိုက်ပြီးခံစားစေချင်တဲ့ ရည်ရွယ်ချက်လေးတစ်ခုပါပဲ” လို့ပြောပြခဲ့ ပါတယ်။

သူကတော့ လတ်တလောမှာ balla cosmetic ကြော်ငြာတစ်ခုကို သရုပ်ဆောင်ဖွေးဖွေးနဲ့အတူရိုက်ကူးထားပါတယ်။ ခုလို cosmetic ကြော်ငြာတွေ လက်ခံရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီးလည်း ခုလိုပြောပြခဲ့ပါတယ်။

”အရင်တုန်းကတော့ ယောက်ျားလေးတွေ ဘာကြောင့် cosmetic သုံးတယ်ဆိုတာ ကျွန်တော်နားမလည်ဘူး။ ခုတော့ ကျွန်တော် နားလည်လာပြီ။ သုံးတာကတော့ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ကမ်းလှမ်းလာတာနဲ့ ကျွန်တော်လည်း လက်ခံရိုက်ကူးဖြစ်တာပါ။ ကိုယ်တိုင်ကတော့ cosmetic တွေမသုံးဖြစ်သေးပါဘူး” လို့ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here