ဆရာ၊ ဆရာမတွေကို မြန်မာမှု အနုပညာပညာရပ်တွေ သင်ကြားပေးနေတဲ့ သဘင်မင်းသားကြီး ဦးနန်းဝင်း

0
169

သဘင်မင်းသားကြီး ဦးနန်း ဝင်းက သံလွင်ပုဂ္ဂလိကအထက်တန်း ကျောင်းမှာ ကျောင်းဆရာတစ်ဦး အဖြစ်လုပ်ဆောင်နေပါတယ်။ သူ့အနေနဲ့ကလေးငယ်တွေကိုမြန်မာမှုအနု ပညာနဲ့ပတ်သက်ပြီး အခြေခံမှ အစ သင်ကြားပြသပေးနေတာဖြစ်ပါ တယ်။ သံလွင်ကျောင်းက ကလေး ငယ်တွေအပြင် ဆရာ၊ ဆရာမတွေ ကိုပါ မြန်မာမှုအနုပညာတွေနဲ့ပတ် သက်လို့ သင်ကြားပြသပေးနေ ကြောင်း သိရပါတယ်။

“ဆရာ၊ဆရာမတွေအားလုံးကို အနုပညာနဲ့ပတ်သက်လို့သင်ကြား ပေးနေတာပါ။ အခြေခံဖြစ်တဲ့ ကဗျာ လွတ်တွေ၊ ရုပ်သေးအကတွေ၊ ဝါး ပတ္တလားတွေ တီးတတ်အောင်ဆိုပြီး သင်ပေးနေတာပါ။ ကျောင်းမှာရှိတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့လမ်းညွှန်မှုတွေနဲ့ပေါ့လေ။ ဆရာ၊ ဆရာမတွေ အားလုံး ဒီအနုပညာကိုမသင်မနေရ ဆိုတာ တအားကိုပီတိဖြစ်စရာကောင်း ပါတယ်”လို့ ဦးနန်းဝင်းကပြောပါတယ်။

သဘင်ဖောင်ဒေးရှင်းအနေနဲ့ လည်း သဘင်ဆိုင်ရာသင်တန်းတွေကို လူငယ်တွေအတွက် ပို့ချပေးနေပြီး သင်တန်းတက်ပြီးတဲ့လူငယ်တွေအ နေနဲ့ အနုပညာလောကမှာ လျှောက် လှမ်းရတာ ပိုမိုအဆင်ပြေမှုတွေရှိ ကြောင်းလည်း သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်းကပြော ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here