ဂေါ်ရင်ဂျီကျွန်းမှာ သွားရောက်ရိုက်ကူးမယ့် ‘လေးပါးကျော့ရှိန် ဝရဇိန် ‘ဇာတ်ကား

0
84

4p

အားမာန်ထုတ်လုပ်ရေးကစီစဉ်ပြီး ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “လေးပါးကျော့ရှိန် ဝရဇိန်” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ မနက်၇ နာရီက ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုး၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်နဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဂေါ်ရင်ဂျီကျွန်းနဲ့ ချောင်းသာတို့မှာ ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သားညီက….

” သတ်ကွင်း ရုပ်ရှင်ဇာတ်ကားတုန်းကလည်း လိုကေးရှင်းကြည့်ဖူးတယ်။ ဒီဇာတ်ကားကသွားရမယ့် ခရီးကနည်းနည်းလေးပိုပြီးခက်ခဲတယ်။ အခုမုန်တိုင်းတိုက်သွားတော့ လမ်းကပိုဆိုးသွားပြီ။ ပထမသွားကြည့်ထားတဲ့ အခြေအနေထက်ပိုဆိုးသွားတယ်။ မင်းသားတွေ ၅ ယောက်နဲ့ဆိုတော့ ဒီဇာတ်ကားက နည်းနည်းလည်း ထူးခြားတယ်။ မင်းသမီးတွေလည်း ဂေါ်ရင်ဂျီခေါ်သွားမှာဆိုတော့ သူတို့လည်း နေရထိုင်ရတာ နည်းနည်း ဒုက္ခရောက်မယ်။ ချောင်းသာမှာ ၈ရက်လောက်ရိုက်ကူးမယ်။ ဂေါ်ရင်ဂျီမှာ ၆ ရက်လောက် ရိုက်ကူးမယ်။ ဒီကနေ ငရုတ်ကောင်းကိုသွား၊ ၁၅ မိနစ် လောက်ဆိုင်ကယ်စီး၊ ပြီးရင် မိနစ် ၂ဝ လောက်စက်လှေစီး၊ နောက်ပြီးရင် မိနစ်၂ဝ လောက် ဆိုင်ကယ်ပြန်စီး။ အဲဒါဆိုတည်းခိုမယ့်ရွာကိုရောက်ပြီ။ အဲဒီကနေမှ မိနစ်၂ဝလောက် စက်လှေပြန်စီးရင် ပင်လယ်ထဲက Base Camp ကိုရောက်ပြီ။ အဲဒီကမှ နောက်ထပ် ၁ နာရီလောက် လမ်းထပ်လျှောက်ရင် ရိုက်ကူးမယ့်နေရာကို ရောက်ပြီ။ ကျွန်တော်နဲ့ မာနိုး DOP နဲ့က Base Camp မှာနေမှာ။ မင်းသားတွေကတော့ ရိုက်ကူးပြီးရင် ရွာထဲပြန်နေပေါ့။ လိုကေးရှင်းက တအားလှတယ်” လို့ပြောပါတယ်။ ဒီဇာတ်ကားရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး သားညီက ” ဒီဇာတ်ကားနာမည်ကို အဓိကတော့ ပရိုဂျူဆာက ရွေးပေးတာပါ။ ကျွန်တော်တို့အယူအဆမှာ ဗြဟ္မာကြီး လေးပါးကစတယ်။ လူ၎ ယောက်က လေးပါးကျော့ရှိန်၊ ဝရဇိန်ဆိုတာ ဝရဇိန်လက်နက်ကိုပြောတာ မဟုတ်ဘူး။ သူတို့ရဲ့မေတ္တာတရားကိုပြောတာ။ လောကမှာ မေတ္တာတရားတွေ ခြုံလွှမ်းနေလို့ရှိရင် ဘာပြဿနာမှမရှိတော့ဘူးဆိုတဲ့ သဘောနဲ့ “လေးပါးကျော့ရှိန် ဝရဇိန်” ဆိုပြီးပေးထားတာပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားကို နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။

P- 060 ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here